မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦးကို တရုတ်ကွပ်မျက်
မနီလာ၊ဒီဇင်ဘာ ၇
ဖိလစ်ပိုင်အစိုးရအရာရှိတွေဟာ တရုတ်နိုင်ငံမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ သေဒဏ်ကျခံ နေရတဲ့ သူတို့ရဲ့နိုင်ငံသားနှစ်ဦးကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အဖြစ်လျှော့ပေါ့ပေးဖို့ အယူခံ ဝင်ခဲ့ပေမယ့် တရုတ်ဘက်က ကွပ်မျက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ကွပ်မျက်ခံလိုက်ရသူနှစ်ဦး မိသားစုဝင်တွေဝင်တွေရဲ့ လျှို့ဝှက်လိုတဲ့ ဆန္ဒအရ ဖိလစ်ပိုင်နိုင်ငံ ခြားရေးဌာနက အသေးစိတ်ထုတ်ဖော်ထားတာမရှိပေမယ့် နိုဝင်ဘာ ၂၄ ရက်နေ့က ကွပ်မျက်မှု နဲ့ပတ်သက်ပြီး တရုတ်ဘက်က တရားဝင်အသိမပေးမချင်း ဖိလစ်ပိုင်အစိုးရက မကြေညာ သေးတာဖြစ်တယ်လို့ ဆိုထားပါတယ်။
သူတို့နှစ်ဦးကို ကွပ်မျက်ခဲ့တာအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဖိလစ်ပိုင် အာဏာပိုင်တွေဟာ အသေးစိတ်အခြေအနေကိုတော့ အသိပေးထားတာ မရှိသေးပါဘူး။
လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦး စတင်ဖမ်းဆီးခံခဲ့ရချိန်ကစပြီး ၂၀၁၆ ခုနှစ် တရုတ်တရားရုံးက ပြစ်ဒဏ်ချမှတ်ချိန်အထိ ဥပဒေကြောင်းအရ အကာအကွယ်ရရှိရေးအတွက် ရန်ပုံငွေအပါအဝင် အကူအညီပေးဖို့ လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာန အသိပေးထားပါ တယ်။
တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုတွေ ပြင်းထန်လာတာကြောင့် တရုတ်နဲ့ ဖိလစ်ပိုင်ဆက်ဆံရေးဟာလည်း ကွပ်မျက်မှုပြုလုပ်ဖို့ ဖြစ်လာတာလို့ သုံးသပ်တာတွေရှိနေပါ တယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လမှာ သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာ အာဏာရလာချိန်ကစပြီး အငြင်းပွားဖွယ် ရေပိုင်နက်မှာတရုတ်ရဲ့ရန်လိုတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး သံတမန်ရေးအရ ကန့်ကွက်ဆန္ဒပြမှု ပေါင်း ၁၀၀ ကျော်ကို ဖိလစ်ပိုင်က တိုင်တန်ထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံသားတွေ ကွပ်မျက်ခံရတာကြောင့် ဝမ်းနည်းကြေကွဲရပေမယ့် ဒီဖြစ်စဉ်ဟာ မူးယစ်ဆေးအဖွဲ့တွေကို ဖယ်ရှားဖို့ အစိုးရရဲ့ကြိုးပမ်းအားထုတ်မှုတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ တွန်းအား ဖြစ်စေတယ်လို့ နိုင်ငံခြားရေးဌာနက အသိပေးထားပါတယ်။
အလားတူ တခြားဖိလစ်ပိုင်နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ သေဒဏ်ပေးမှုနှစ်ခုကိုတော့ အယူခံဝင် ထားပြီး တရုတ်နိုင်ငံမှာ အပြီးသတ်စစ်ဆေးနေဆဲဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ ဒါဇာက ပြောခဲ့ပါတယ်။
ဖိလစ်ပိုင်ဟာ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအရင်းအမြစ်ဖြစ်ပြီး အာဏာပိုင်တွေက ဆင်းရဲ နွမ်းပါးတဲ့ ဖိလစ်ပိုင်လူမျိုးတွေအပေါ် မူးယစ်ဆေးဝါး အစုအဖွဲ့တွေရဲ့ ခေါင်းပုံဖြတ်ခံရတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။
Ref: AP