မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် /အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့‌နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “KNDF ဒုစစ်ဦးစီးချုပ်မာဝီ ဒဏ်ရာပြင်းထန်ရတယ်ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ မှိုင်းဝေ၊Kyaw Swar တယ်လီဂရမ်ကနေ ဒီဇင်ဘာလ ( ၁ )ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့် သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ KNDF ဒုစစ်ဦးစီးချုပ်မာဝီက ကျန်းမာစွာ ရှိနေကြောင်း သူကိုယ်တိုင်အသုံးပြုနေတဲ့ ဖေ့ဘုတ်အကောင့်မှာ Video Clip ရုပ်သံတင်ကာ အများပြည်သူကို သတင်းစကားပေး အသိပေးထုတ်ပြန်ခဲ့ပြီး လွိုင်ကော်မြို့တွင် စစ်ရေးလှုပ်ရှားမှုများနဲ့ စခန်းသိမ်းတိုက်ပွဲများမှာ ဦးဆောင်ပါဝင်လျက်ရှိနေကြောင်းကို KNDFရဲ့စစ်ရေး သတင်းထုတ်ပြန်ချက်ရုပ်သံများတွင် တရားဝင်ထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

KNDF ဒုစစ်ဉီးစီးချုပ်မာဝီရဲ့ ကိုယ်ပိုင်ဖေ့ဘုတ်စာမျက်နှာလင့်

https://shorturl.at/hsLMV

KNDFရဲ့ ဖေ့ဘုတ်စာမျက်နှာလင့်

https://shorturl.at/eHY14

PVTV သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/ptI23

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့KNDFဒုစစ်ဉီးစီးချုပ် မာဝီဒဏ်ရာပြင်းထန်ရထားသယောင် ဖြန့်ဝေနေတဲ့ သတင်းဓာတ်ပုံတွေဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.