ရန်ကုန် – ဒီဇင်ဘာ ၅

ရန်ကုန်မြို့မှာ စစ်ကောင်စီစခန်းချရာ နေရာတွေကို တိုက်ပွဲတွေ စတင်ဖော်ဆောင်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၅ရက်နေ့မှာ ရန်ကုန်အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ် ရေးအဖွဲ့က ကြေညာလိုက်ပါတယ်။

အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီဇင်ဘာ ၅ရက် နံနက် (၇) နာရီဝန်းကျင်မှာ စစ်ကောင်စီလက်အောက်ခံ သု၀ဏ္ဏ မြို့မရဲစခန်းကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ မိတ်ဖက်အဖွဲ့တွေက ပြင်းအားမြင့်မိုင်းနဲ့ ပူးပေါင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ တရားဝင် ထုတ်ပြန်လာတာပါ။

အဲဒီအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ရက်ကလည်း စစ်ကောင်စီကို ဘဏ္ဏာငွေရှာဖွေပေးနေတဲ့ မြောက်ဥက္ကလာလျှပ်စစ်မီတာရုံးကို Yangon Army (YA) အဖွဲ့နဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ပါသေးတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ စတင်ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန် နိုဝင်ဘာ ၂၇ ရက်နေ့ က စလို့ တစ်လကျော်ကြာမြင့်လာချိန်မှာ မြန်မာနိုင်ငံမြို့ရွာတွေအနှံ့ တော်လှန်ရေးအင်အားစုတွေက စစ်ရေးဖော်ဆောင်လာတာဖြစ်ပြီး အခုအချိန်မှာ ရန်ကုန်အပါအဝင် မြို့ကြီးတွေအထိပါ စစ်မျက်နှာ ကျယ်ပြန့်လာတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.