Radio Than Lwin Times(21/11)
Youtube Link
Youtube Link
https://youtu.be/wTDBDVaBDMo
မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “စစ်အုပ်စုရဲ့ ရွှေကျင်တောင်ခြေစခန်းသိမ်းခံရတာမဟုတ်ဘူး။ PDF ၇၀ကျော် သေတယ်“ဆိုတဲ့ အ ကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို နိုဝင်ဘာလ၂၀ရက်နေ့က မှိုင်းဝေ၊…
ဘားအံ၊ နိုဝင်ဘာ ၂၅ နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ဘားအံမြို့မှာလည်း စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ချထားသလို စစ်ဆေးမှုတွေ အရင်ကထက် ပိုမိုလုပ်ဆောင်လာတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ကရင်ပြည်နယ်ထဲက ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးစတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တွေကြားမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲတွေဟာ ဘားအံမြို့အပေါ်အထိ ကူးစက်လာမှာကို စိုးရိမ်တာကြောင့် စစ်ကောင်စီတပ်က…
မော်လမြိုင်၊ နိုဝင်ဘာ(၂၅) AAPP ရဲ့ နိုဝင်ဘာ(၂၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၂၇) ရက်အတွင်း ပြည်သူ (၄၂၀၀) ဦးအထိ အကြမ်း ဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၄၅၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…
နေပြည်တော်၊ နိုဝင်ဘာ ၂၅ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နဲ့ စစ်ခေါင်ဆောင်တို့ဟာ နှစ်နိုင်ငံစစ်တပ်နှစ်ရပ်ကြား ရှိရင်းစွဲကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းမှုတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ့် အခြေအနေတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်တပ်ဝါဒဖြန့် ပလက်ဖောင်းတွေကနေ သတင်းထုတ်ပြန်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို နိုဝင်ဘာ ၂၃ ရက်နေ့က နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့တာပါ။…
မော်လမြိုင်၊ နိုဝင်ဘာ ၂၅မွန်ပြည်နယ်ကထွက်ရှိတဲ့ နေလှန်းဆားကြမ်းတွေကို တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံတို့ထံ တင်ပို့ရောင်းချဖို့အတွက် ကနဦးအနေနဲ့ ဆားကြမ်းနမူနာ ပို့ဆောင်ထားတယ်လို့ ဆားလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပေးပို့ထားတဲ့ ဆားကြမ်းတွေကိုတော့ သက်ဆိုင်ရာနိုင်ငံတွေက အရည်အသွေး စစ်ဆေးတာတွေ၊ လိုအပ်တဲ့ပမာဏ တွက်ချက်တာတွေအပြင် တင်ပို့နိုင်မယ့်လမ်းကြောင်းနဲ့ ကုန်ကျစရိတ်တွေအပေါ်အခြေခံပြီး ဆားကြမ်းတင်သွင်းနိုင်ဖို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဆားပညာရှင်တစ်ဦးကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ဆားလိုအပ်ချက်ကို အပြည့်အဝမပို့နိုင်ပေမယ့် လက်ရှိအနည်းငယ်စမ်းပို့တဲ့ သဘောလောက်သာရှိသလို…
လောင်းလုံး၊ နိုဝင်ဘာ ၂၅ တနင်္သာရီတိုင်း လောင်းလုံမြို့နယ် သပြေရှောင်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူပိုင်ဆိုင်ကယ်တွေနဲ့ ရေလုပ်သားတဲတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အင်အား ၇၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ သပြေရှောင်ကျေးရွာထဲကို ထားဝယ်မြစ်ရေလမ်းကြောင်းအတိုင်း နိုဝင်ဘာ ၂၃ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်မှာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ်။ စစ်ကြောင်းထိုးလာတဲ့…
တိုင်ပေ၊ နိုဝင်ဘာ ၂၅ ထိုင်ဝမ်အာဏာရပါတီရဲ့ ဒုသမ္မတလောင်းက ဒေသတွင်းတင်းမာမှုတွေကို လျှော့ချမယ့် အဓိကသော့ချက်ဟာ ရေလက်ကြားဖြတ်ကျော် ဆက်သွယ်ရေးဖြစ်ပြီး တရုတ်နဲ့စစ်ဖြစ်တာဟာ ရွေးချယ်စရာမဟုတ်ကြောင်း နိုဝင်ဘာ ၂၃ ရက်နေ့က ပြောကြာခဲ့ပါတယ်။ ထိုင်ဝမ်ကို သူ့ရဲ့ပိုင်နက်အဖြစ် ရှုမြင်နေတဲ့ တရုတ်နိုင်ငံဟာ အထူးသဖြင့် အချုပ်အခြာအာဏာကို ပိုင်ဆိုင်ဖို့ စစ်ရေးအရ ဖိအားတွေတိုးမြင့်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရက်သတ္တပတ်အတွင်းမှာ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP က…
ဘန်ကောက်၊နိုဝင်ဘာ ၂၅ ထိုင်းနိုင်ငံအတွင်း သေနတ်လိုင်စင်ထုတ်ပေးမှုကို တစ်နှစ်ရပ်နားမယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီး အနူတင်ချန်ဗီရာကွန်က နိုင်ဝင်ဘာ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ Por -12 လို့လူသိများတဲ့ သေနတ်လိုင်စင်ထုတ်ပေးတဲ့တားမြစ်အမိန့်ဟာ လက်နက်ကိုင် အကြမ်းဖက်မှုတွေကို တားဆီးဖို့ဖြစ်ပြီး ဝန်ကြီးချုပ် လက်မှတ်ရေးထိုးဖို့ ပို့ဆောင်ထားတာပါ။ သေနတ်လိုင်စင်ထုတ်ပေးမှု ရပ်နားမယ့်အမိန့်ကို ထိုင်းအစိုးရဂျာနယ်ဖြစ်တဲ့ တော်ဝင်ဂေဇက်မှာ ထုတ်ပြန်ပြီးတာနဲ့ တပြိုင်နက်စတင်အသက်ဝင်မှာဖြစ်ပေမယ့် အဲဒီအမိန့်ကိုတော့ ရဲအရာရှိလို အစိုးရအာဏာပိုင်တွေအတွက်…