စစ်ကောင်စီကို အမေရိကန်အပါအဝင်အနောက်အုပ်စု ပိတ်ဆို့အရေးယူမှုထပ်ချ
ဝါရှင်တန်၊နိုဝင်ဘာ ၂အာဏာသိမ်းစစ်ကောင်စီရဲ့ တစ်ခုတည်းသော နိုင်ငံခြားဝင်ငွေ အများဆုံးရနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် စစ်ကောင်စီ အရာရှိကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှု ထပ်မံချမှတ်လိုက်တယ်လို့ အမေရိကန်အပါအဝင် အနောက်အုပ်စုက ထုတ်ပြန်ပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ လက်နက်ဝယ်ယူမှုတွေ ကျဆင်းစေဖို့အတွက် ပိတ်ဆို့အရေးယူခဲ့တာဖြစ်တယ်လို့ အသိပေးထားတာပါ။ ဒီပိတ်ဆို့အရေးယူမှုဟာ လာမယ့် ဒီဇင်ဘာ ၁၅…