ရန်ကုန်-မော်လမြိုင်ကားလမ်း ညောင်ခါးရှည်ဂိတ်မှာ ကားအစီးရေထောင်ချီ ပိတ်မိနေ
မော်လမြိုင်၊ နိုဝင်ဘာ ၁၀ ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီရဲ့ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားနေတဲ့အတွက် ကားအစီးရေထောင်ချီ ပိတ်မိနေတယ်လို့ ခရီးသွားတွေထံကနေ သိရပါတယ်။ စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခံရပြီးနောက် ခရီးသွားကားတွေကို ပဲခူးတိုင်း ညောင်ခါးရှည်ကျေးရွာအနီးမှာရှိတဲ့ X-Ray စစ်ဆေးရေးဂိတ်မှာ ကားတစ်စီးချင်းဆီ ပိတ်ဆို့မှုရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာတွေက လုံခြုံရေးအကြောင်းပြချက်နဲ့ X-Ray…