November 2023

အချုပ်အခြာအာဏာထိပါးမှုတွေ ရပ်တန့်ဖို့ တရုတ်က ဖိလစ်ပိုင်ကို သတိပေး

ဘေဂျင်း၊ နိုဝင်ဘာ ၁၁ တောင်တရုတ်ပင်လယ်အတွင်းက Second Thomas Shoal အနီးကို ဖိလစ်ပိုင်ရဲ့ ပြန်လည် ထောက်ပံ့ရေး သင်္ဘောတွေ ဝင်ရောက်လာပြီးနောက် နိုင်ငံရဲ့အချုပ်အခြာအာဏာထိပါးမှုကို ရပ်တန့်ဖို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ကို တရုတ်က သတိပေးခဲ့ပါတယ်။ ဖိလစ်ပိုင် သယ်ယူပို့ဆောင်ရေး သင်္ဘောငယ် နှစ်စင်းနဲ့ ကမ်းရိုးတန်းစောင့် သင်္ဘော ၃ စင်းတို့ဟာ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ စပရက်တလီ ကျွန်းစုရဲ့…

Operation 1027 – Facebook Page အတု ထွက်ပေါ်နေ (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ညီနောင်မဟာမိတ် (၃) ဖွဲ့၏ တရားဝင်သတင်းနှင့်ပြန်ကြားရေးဖေ့ဘုတ်“ဆိုပြီး စစ်တပ်ထောက်ခံသူတွေ ဖြန့်ချိနေတဲ့ သတင်းအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို…

ကောလင်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံး

ကောလင်း – နိုဝင်ဘာ ၁၀ စစ်ကိုင်းတိုင်း၊ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၂၀ ကျော် လက်နက်ချအညံ့ခံခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ စစ်ဦးစီးရုံးက သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က မြို့သိမ်းတိုက်ပွဲကိုစတင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ မှာတော့ မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တာပါ။ ကောလင်းမြို့မှာရှိတဲ့…

ချောင်းနှစ်ခွမှာတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီလေကြောင်းအသုံးပြုတိုက်ခိုက်နေ

ကျိုက်မရော၊ နိုဝင်ဘာ ၁၀ ကျိုက်မရော-ကြာအင်းဆိပ်ကြီးကားလမ်းပေါ်မှာရှိတဲ့ ချောင်းနှစ်ခွကျေးရွာက စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနဲ့ တံတားဂိတ်စခန်းတွေကို တော်လှန်ရေးအင် အားစုအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းကစပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာရှိတဲ့ ချောင်းနှစ်ခွတံတားဂိတ်နဲ့ ရဲစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် KNLA…

တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခု တိုက်ခိုက်ခံရ

တနင်္သာရီ၊ နိုဝင်ဘာ ၁၀ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကို နိုဝင်ဘာ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီတော်လှန်ရေး အင်အားစုတွေထံကနေ သိရပါတယ်။ တနင်္သာရီမြို့နယ် ကမ္မလိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၅၅၈) ခြေမြန်တပ်ရင်းကို နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ ဒေသကာကွယ်…

စစ်အာဏာသိမ်း (၁၀၁၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၇၇) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ(၁၀) AAPP ရဲ့ နိုဝင်ဘာ(၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၁၂) ရက်အတွင်း ပြည်သူ (၄၁၇၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၃၉၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

မွန်ပြည်နယ်မှာ လူမှုကွန်ရက်အသုံးပြုသူတွေကို စောင့်ကြည်ဖမ်းဆီးမှု ပိုများလာ

မော်လမြိုင်၊ နိုဝင်ဘာ ၁၀ နိုင်ငံရေး၊ စစ်ရေးအပြင် သံတမန်ရေးရာတိုက်ပွဲတွေမှာ အဘက်ဘက်က ရှုံးနိမ့်လာတဲ့ စစ်ကောင်စီဟာ မွန်ပြည်နယ်မှာတော့ လူမှုကွန်ရက်အသုံးပြုသူတွေကို အဆက်မပြတ်စောင့်ကြည့်ပြီး ခပ်စိပ်စိပ်ဖမ်းဆီးမှုတွေ ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်မြေအခြေအနေအရ မွန်ပြည်နယ်ရဲ့ နေရာအများစုကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လပိုင်းတွေကစပြီး လူမှုကွန်ရက်ကနေ ခြေရာခံကာ ဒေသခံပြည်သူတွေကို ရှာဖွေဖမ်းဆီးမှုတွေ ပိုမိုပြုလာတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဒေသခံပြည်သူတွေကို…

“စစ်ခေါင်းဆောင်စွပ်စွဲချက်အပေါ် ကိုးကန့်အဖွဲ့ ဘယ်လိုတုံ့ပြန်လိုက်လဲ”

လားရှိုး၊ နိုဝင်ဘာ ၁၀ ကိုးကန့်အဖွဲ့ MNDAA ဟာ မူးယစ်ဆေးဝါးကနေ ရရှိလာတဲ့ အကျိုးမြတ်တွေကိုအသုံးချပြီး သြဇာအာဏာတည်ဆောက်လိုတဲ့အတွက် ၁၀၂၇ စစ်ဆင်ရေးကိုစတင်ခဲ့တာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲလိုက်ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေတဲ့ စစ်ကောင်စီဟာ အရေးပေါ်ကာလသက်တမ်းကုန်းဆုံးမှ ခေါ်ယူလေ့ရှိတဲ့ ကာလုံအစည်းအဝေးကို နိုဝင်ဘာ ၈ ရက်နေ့မှာ ခေါ်ယူကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးအတွင်း စစ်ခေါင်းဆောင်က…