နောင်ချို – နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ် ဒိုပင်ရဲစခန်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရဲစခန်းထဲမှာ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၄ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ဒိုပင်ရဲစခန်းဟာ တအာင်းပြည်နယ် တပ်မဟာ ၂ စစ်ဒေသမှာတည်ရှိပြီး TNLA နဲ့ မန္တလေး PDF တို့ တိုက်ခိုက်သိမ်းပိုက်ကာ စစ်ကောင်စီဘက်က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေနဲ့ သတင်းပေးတွေကို ထိန်းသိမ်းထားတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က လေယာဉ်နဲ့ ကြဲချခဲ့တဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးဟာ ဒိုပင်ရဲစခန်းအပေါ် တည့်တည့်ကျရောက်ပေါက်ကွဲခဲ့အတွက် စစ်သုံ့ပန်းတွေသေဆုံး ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး TNLA နဲ့ ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ ဖော်ပြထားတာမရှိပါဘူး။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး TNLA ဘက်ကို သံလွင်တိုင်းမ်အနေနဲ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.