TOPSHOT - Tourists look on as a Chinese military helicopter flies past Pingtan island, one of mainland China's closest point from Taiwan, in Fujian province on August 4, 2022, ahead of massive military drills off Taiwan following US House Speaker Nancy Pelosi's visit to the self-ruled island. - China is due on August 4 to kick off its largest-ever military exercises encircling Taiwan, in a show of force straddling vital international shipping lanes following a visit to the self-ruled island by US House Speaker Nancy Pelosi. (Photo by Hector RETAMAL / AFP)

တိုခူနိုရှီးမား၊ နိုဝင်ဘာ ၂၁

အရှေ့တရုတ်ပင်လယ်အစွန်းမှာရှိတဲ့ ကျွန်းဆွယ်ကမ်းခြေတစ်ခုပေါ်မှာ ကုန်း-ရေနှစ်သွယ် ချေမှုန်းရေးယာဉ်တွေနဲ့ ဂျပန်က စစ်ရေးလေ့ကျင့်မှုဟာ တရုတ်ဘက်က တိုက်ခိုက်နိုင်ခြေရှိတဲ့ နေရာတွေကို တွန်းလှန်ဖို့ အသွင်ယူတိုက်ခိုက်မှုဖြစ်တယ်လို့ ဂျပန်စစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျပန်နိုင်ငံဟာ တရုတ်၊ရုရှား၊မြောက်ကိုရီးယားနိုင်ငံတွေနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာသူတို့ပိုင်တဲ့ တိုကူနိုရှီးမားကျွန်းပေါ်မှာ နိုင်ငံလုံးဆိုင်ရာအတိုင်းအတာနဲ့ ပြုလုပ်တဲ့ ၁၁ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို 05JX လို့ အမည်ပေးထားတာပါ။

အဲဒီစစ်ရေးလေ့ကျင့်မှုမှာ နျူကလီးယားဓာတ်အားပေးစက်ရုံတွေနဲ့ အခြေခံအဆောက်အအုံတွေ အပါအဝင် ဂျပန်ရဲ့ပိုင်နက်ကို ကာကွယ်ဖို့ မြေပြင်-ရေပြင်နဲ့ လေတပ်တွေက အသင့်ရှိနေတယ်ဆိုတာ ပြသဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

“JX ရဲ့ ရည်ရွယ်ချက်က တိုက်ခိုက်မှုတစ်ခုကြောင့် အရေးပေါ်အခြေအနေဖြစ်လာရင် ကျွန်တော်တို့ ပူးပေါင်းတုံ့ပြန်နိုင်တယ်ဆိုတာကို ပြသဖို့ပါပဲ” လို့ ကာကွယ်ရေးတပ်ဖွဲ့ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရိုရှီဟီဒယ် ရိုရှီဒါက ပြောခဲ့ပါတယ်။

မြေပြင်ခုခံကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကုန်း-ရေနှစ်သွယ် ချေမှုန်းရေးယာဉ်တွေကို ကမ်းလွန်ပင်လယ်ပြင်မှာ ကျောက်ချရပ်နားထားတဲ့ ကမ်းတက်သင်္ဘောနှစ်စင်းပေါ်က စတင်လွှတ်တင်ခဲ့ပြီး တခြားတပ်ဖွဲ့ဝင်တွေဟာလည်း စစ်ဘက်ဆိုင်ရာ ရေယာဉ်နဲ့ ကျွန်းပေါ်နေရာယူထားကြတာဖြစ်ပါတယ်။

ဂျပန်ရဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ဘူးလို့ ရိုက်တာက ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံရဲ့ အကြီးဆုံးစစ်ရေးတည်ဆောက်မှုကို ထုတ်ဖော်တဲ့အနေနဲ့ ငါးနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို ၂ဆတိုးပေးမယ်လို့ ကတိပြုခဲ့ပြီးနောက် ဂျပန်မှာစစ်ရေးလေ့ကျင့်မှု နယ်ပယ်နဲ့ အရှိန်အဟုန်ဟာ လာမယ့်နှစ်အနည်းငယ်အတွင်း အမေရိကန်တပ်ဖွဲ့တွေနဲ့အတူ တိုးလာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဒါ့အပြင် ရုရှားက အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်သလို တရုတ်ဘက်က ထိုင်ဝမ်ကို တိုက်ခိုက်လာပါက အရှေ့အာရှဟာ နောက်ထပ် ယူကရိန်းဖြစ်လာနိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က သတိပေးခဲ့ပါသေးတယ်။

ဂျပန်ဟာ ယန်း ၄၃ ဒဿမ ၅ ထရီလီယံ ကုန်ကျစရိတ်နဲ့ တာဝေးပစ်ဒုံးပျံတွေလို လက်နက်သစ်တွေအပြင် ပဋိပက္ခကို ရေရှည်တိုက်ဖျက်ဖို့အတွက် အသုံးဆောင်ပစ္စည်းတွေနဲ့ ခဲယမ်းတွေကို တိုးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ယန်းငွေတန်ဖိုး ကျဆင်းနေတာကြောင့် ဂျပန်စစ်တပ်ဟာ စစ်ရေးလေ့ကျင့်မှုမှာ အသုံးပြုခဲ့တဲ့ အမေရိကန်လုပ် ရှနွတ်ရဟတ်ယာဉ်မော်ဒယ်သစ်တွေအပါအဝင် စစ်လက်နက် ပစ္စည်း ဝယ်ယူမှုတွေကို လျှော့ချဖို့ ဖိအားတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Ref: Asia one

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.