November 10, 2023

စစ်ပြီးရင် ဂါဇာမှာ ယုံကြည်ရတဲ့တပ်ဖွဲ့တစ်ခု ထားရှိဖို့ အစ္စရေးဝန်ကြီးချုပ် လိုလား

ဂျေရုစလင်၊ နိုဝင်ဘာ ၁၁ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမင်နေသန်ယာဟုက ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်အုပ်ချုပ်လိုတာ မဟုတ်ပေမယ့် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှု တားဆီးဖို့အတွက် ပါလက်စတိုင်းနယ်မြေအတွင်းမှာ ယုံကြည်ရတဲ့ တပ်အင်အားတစ်ခု လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသ လုံခြုံရေးအတွက် အစ္စရေးက အချိန်အကန့်အသတ်မရှိ တာဝန်ယူမယ်လို့ဆိုတဲ့ နေတန်ယာဟုရဲ့မှတ်ချက်ကိုတော့ အစ္စရေးရဲ့အဓိကမဟာမိတ် အမေရိကန်က သဘောမတူပါဘူး။ ဟားမတ်စ်အုပ်ချူပ်သူတွေကို ချေမှုန်းပြီးနောက် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်အုပ်ချုပ်မှာကို…

ဗီယက်နမ်ရဲ့ ကမ်းလွန်လေအားလျှပ်စစ် စီမံကိန်း အခက်အခဲကြုံနိုင်

ဟနွိုင်း၊နိုဝင်ဘာ ၁၁ ၂၀၃၀ ခုနှစ်မှာ ပြီးစီးအောင်ဆောင်ရွက်မယ့် ဗီယက်နမ်ရဲ့ ကမ်းလွန်လေအားလျှပ်စစ်ရရှိရေး စီမံကိန်းဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ နိုင်ငံပိုင်စွမ်းအင် ကုမ္ပဏီတစ်ခုမှ ထိပ်တန်း အမှုဆောင်အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတားအဆီးမဖြစ်စေဘဲ ရှင်းလင်းဖို့ လိုအပ်တယ်လို့ ဆိုထားတာပါ။ ဗီယက်နမ်နိုင်ငံဖော်ဆောင်မယ့် ကမ်းလွန်လေအားလျှပ်စစ် စီမံကိန်းကနေ နိုင်ငံ့စီးပွားရေးအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀…

အချုပ်အခြာအာဏာထိပါးမှုတွေ ရပ်တန့်ဖို့ တရုတ်က ဖိလစ်ပိုင်ကို သတိပေး

ဘေဂျင်း၊ နိုဝင်ဘာ ၁၁ တောင်တရုတ်ပင်လယ်အတွင်းက Second Thomas Shoal အနီးကို ဖိလစ်ပိုင်ရဲ့ ပြန်လည် ထောက်ပံ့ရေး သင်္ဘောတွေ ဝင်ရောက်လာပြီးနောက် နိုင်ငံရဲ့အချုပ်အခြာအာဏာထိပါးမှုကို ရပ်တန့်ဖို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ကို တရုတ်က သတိပေးခဲ့ပါတယ်။ ဖိလစ်ပိုင် သယ်ယူပို့ဆောင်ရေး သင်္ဘောငယ် နှစ်စင်းနဲ့ ကမ်းရိုးတန်းစောင့် သင်္ဘော ၃ စင်းတို့ဟာ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ စပရက်တလီ ကျွန်းစုရဲ့…

Operation 1027 – Facebook Page အတု ထွက်ပေါ်နေ (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ညီနောင်မဟာမိတ် (၃) ဖွဲ့၏ တရားဝင်သတင်းနှင့်ပြန်ကြားရေးဖေ့ဘုတ်“ဆိုပြီး စစ်တပ်ထောက်ခံသူတွေ ဖြန့်ချိနေတဲ့ သတင်းအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို…

ကောလင်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံး

ကောလင်း – နိုဝင်ဘာ ၁၀ စစ်ကိုင်းတိုင်း၊ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၂၀ ကျော် လက်နက်ချအညံ့ခံခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ စစ်ဦးစီးရုံးက သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က မြို့သိမ်းတိုက်ပွဲကိုစတင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ မှာတော့ မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တာပါ။ ကောလင်းမြို့မှာရှိတဲ့…

ချောင်းနှစ်ခွမှာတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီလေကြောင်းအသုံးပြုတိုက်ခိုက်နေ

ကျိုက်မရော၊ နိုဝင်ဘာ ၁၀ ကျိုက်မရော-ကြာအင်းဆိပ်ကြီးကားလမ်းပေါ်မှာရှိတဲ့ ချောင်းနှစ်ခွကျေးရွာက စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနဲ့ တံတားဂိတ်စခန်းတွေကို တော်လှန်ရေးအင် အားစုအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းကစပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာရှိတဲ့ ချောင်းနှစ်ခွတံတားဂိတ်နဲ့ ရဲစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် KNLA…

တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခု တိုက်ခိုက်ခံရ

တနင်္သာရီ၊ နိုဝင်ဘာ ၁၀ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကို နိုဝင်ဘာ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီတော်လှန်ရေး အင်အားစုတွေထံကနေ သိရပါတယ်။ တနင်္သာရီမြို့နယ် ကမ္မလိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၅၅၈) ခြေမြန်တပ်ရင်းကို နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ ဒေသကာကွယ်…

စစ်အာဏာသိမ်း (၁၀၁၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၇၇) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ(၁၀) AAPP ရဲ့ နိုဝင်ဘာ(၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၁၂) ရက်အတွင်း ပြည်သူ (၄၁၇၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၃၉၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…