ဖယ်ခုံ – နိုဝင်ဘာ ၈
ကယားပြည်နယ်၊ဖယ်ခုံမြို့အခြေစိုက် ခ.မ.ရ ၄၂၂ တပ်ရင်းက တပ်သားတစ်ဦး လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာတယ်လို့ PEKHON PDF -2 (B-1006) က သတင်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီတပ်ရင်းတွေကို ရှမ်းမြောက်စစ်မျက်နှာပြင်သို့ ပို့ဆောင်ရေးလမ်းကင်းလုံခြုံရေး ဆောင်ရွက်နေစဉ် ထွက်ပြေးလာပြီး အလင်းဝင်ခဲ့တာပါ။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ဗိုလ်တထောင်တပ်ခွဲက ဆုငွေပေးအပ်ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားသလို စက်တင်ဘာလကလည်း စစ်ကောင်စီတပ်သား ၃ ဦးဟာ PEKHON PDF -2 (B-1006) ထံလက်နက်ခဲယမ်း အပြည့်စုံနဲ့ အလင်းဝင်ရောက်ထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေနဲ့ ပူးပေါင်းလာတဲ့ စစ်သားနဲ့ ရဲ တပ်ဖွဲ့ဝင် ၁၅၀၀၀ ကျော်ရှိပြီဖြစ်တယ်လို့ NUG ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
တပ်တွင်းလေ့လာသုံးသပ်သူတွေနဲ့ CDM အရေးကူညီနေသူတွေကလည်း စစ်ကောင်စီတပ်ရဲ့ မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတာကြောင့် ပြည်သူနဲ့ ပူးပေါင်းသူတွေပိုမိုများပြားလာနိုင်တယ် လို့ သံလွင်တိုင်းမ် ကိုပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဖယ်ခုံ – PDF