November 4, 2023

ဂျပန်နဲ့ ဖိလစ်ပိုင်တို့ကြား နှစ်နိုင်ငံပူးပေါင်းတပ်ဖွဲ့ ဖွဲ့စည်းဖို့ သဘောတူ

မနီလာ၊ အောက်တိုဘာ ၅ ဂျပန်နဲ့ ဖိလစ်ပိုင်နှစ်နိုင်ငံ စစ်ရေးဆိုင်ရာ လက်လှမ်းမီခွင့်နဲ့ တပ်ဖွဲ့တွေအချင်းချင်းအပြန်အလှန်ဖလှယ်နိုင်မယ့် ပူးပေါင်းတပ်ဖွဲ့ ဖွဲ့စည်းဖို့ သဘောတူညီချက်ကို နှစ်နိုင်ငံခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီလိုဆောင်ရွက်မှုဟာ တရုတ်ရဲ့ ရန်လိုမုန်းထားတဲ့ ဆောင်ရွက်ချက်တွေ တိုးမြှင့်လာချိန်နဲ့ ဒေသတွင်း ပင်လယ်ရေကြောင်းဆိုင်ရာ တင်းမာမှုတွေမြင့်တက်ချိန်မှာပဲ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဂျပန်နဲ့ ဖိလစ်ပိုင်ခေါင်းဆောင်တို့ဟာ အရှေ့နဲ့တောင်တရုတ်ပင်လယ်အတွင်းရှိ သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ အချုပ်အခြာအာဏာကို ထိပါးဖို့ ကြိုးစားလာတဲ့…

ဂါဇာဒုက္ခသည်တွေ တစ်ရက် ပေါင်မုန့်နှစ်ချပ်နဲ့ အသက်ရှင်နေရတယ်လို့ ကုလ ပြော

ဝါရှင်တန်၊နိုဝင်ဘာ ၅ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြင်းထန်တဲ့ ရေပြတ်လပ်မှုနဲ့ စားနပ်ရိက္ခာအခက်အခဲ ရင်ဆိုင်နေရတဲ့ ဂါဇာဒုက္ခသည်တွေဟာ တစ်ရက် ပေါင်မုန့်နှစ်ချပ်နဲ့ အသက်ရှင်နေရတယ်လို့ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမ္မဂ အေဂျင်စီဒါရိုက်တာက ပြောပါတယ်။ UNRWA လို့လူသိများတဲ့ ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီဟာ ဂါဇာတဝှမ်းမှာ ပေါင်မုန့်ဆိုင် ၈၉ ဆိုင် ထောက်ပံ့ပေးထားပြီး ဒုက္ခသည် ၁ ဒသမ ၇…

မြန်မာတိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ဦးကို ကယ်ထုတ်ဖို့ ထိုင်းအစိုးရ ကြိုးပမ်း

ဘန်ကောက်၊နိုဝင်ဘာ ၅ လူပေါင်းသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ဦးကို ထိုင်းအစိုးရက ကယ်ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ သီတင်းအပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်း အတော်များများ တပြိုင်တည်း တိုက်ခိုက်ခံနေရတာပါ။…

ကယားကိုစစ်ကြောင်းထိုးမယ့်စစ်ကောင်စီတပ်တွေ ရှမ်းမြောက်ပို့ခံရ

လွိုင်ကော် – နိုဝင်ဘာ ၄ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း-ကယား နယ်စပ်ကနေ ကယားပြည်နယ်ထဲ စစ်ကြောင်းထိုးဖို့ ပြင်ဆင်ထားတဲ့ စစ်ကောင်စီတပ်တွေကို အောက်တိုဘာလ အကုန်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေဆီ အင်အားဖြည့်ဖို့ တပ်ပြန်ဆုတ်သွားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် အင်အား ၄၀၀ ကျော်ဟာ အောက်တိုဘာလ ဒုတိယအပတ်က စပြီး ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်စပ်ရှိ မဲသင်းရွာကနေ…

စစ်ကောင်စီက လေးလအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၇ ခုကျူးလွန်ခဲ့

မော်လမြိုင် – နိုဝင်ဘာ ၄ အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ် မေလ မှ ဩဂုတ်လ အတွင်းနိုင်ငံတဝန်းမှာ လူ ၅ ဦး ထက်မနည်းသေဆုံးခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၂၇ ခုကျူးလွန်းခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က စာတမ်းထုတ်ဝေထားပါတယ်။ အဲ့ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာကြောင့် အရပ်သား ၁၈၈ဦး သေဆုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။ စစ်အုပ်စုရဲ့ ၂၀၂၃ ခုနှစ် မေလကနေ ဩဂုတ်လအတွင်း…

မင်းတပ်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲ

မင်းတပ် – နိုဝင်ဘာ ၄ ချင်းပြည်နယ်၊မင်းတပ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ CDF မင်းတပ်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက မင်းတပ်မြို့နယ် ၁၆ မိုင်နဲ့ ပန်းစခန်းကြားက ပြည်သူ တွေသွားလာနေတဲ့ လမ်းကို လေယာဉ်နဲ့ ၂ ကြိမ်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာ ဗုံး…

ဂန့်ဂေါတောင်ခင်ရန်း နယ်မြေရဲစခန်းက စစ်ကောင်စီလက်အောက်ခံတွေ စခန်းစွန့်ခွာထွက်ပြေး

ဂန့်ဂေါ – နိုဝင်ဘာ ၄ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် မင်းရွာ ရဲစခန်းသိမ်းပိုက်ခံရပြီးနောက် တောင်ခင်ရန်း နယ်မြေ ရဲစခန်းက စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲဝင်ရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းက စခန်းစွန့်ခွာထွက်ပြေးသွားတာဖြစ်ပြီး မြောက်ခင်ရန်း ပျူစောထီးကျေးရွာကို သွားရောက်ပူးပေါင်းတာဖြစ်နိုင်တယ်လို့လည်း ကာကွယ်ရေးအဖွဲ့တွေက ယူဆတာတွေရှိနေပါတယ်။ “မနေ့ည ခုနှစ်နာရီလောက်ကတည်းကခွာသွားတာ။ လောလောဆယ် နယ်မြေရှင်းလင်းရေးလုပ် နေတယ်။…

ကိုးကန့်တုံရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို MNDAA ထပ်မံသိမ်းပိုက်

ကိုးကန့်၊ နိုဝင်ဘာ ၄ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တုံရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ဒီနေ့ နိုဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ ကိုးကန့်အဖွဲ့ MNDAA မီဒီယာကနေ ထုတ်ပြန်ပါတယ်။ အဲဒီစစ်ကောင်စီ တပ်စခန်း ၃ ခုကို ဒီနေ့ မနက် ၁၀ နာရီအချိန်လောက်မှာ ကိုးကန့်အဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့တာ…