မော်လမြိုင် – အောက်တိုဘာ(၂၁)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ်(၃) စစ်ကြောင်း၊ အမှတ်-၁၂ တပ်ရင်း ယောဒေသက ရဲဘော်နေမျိုးအောင်(ခ) တထောင် ဟာ တော်လှန်ရေးတာဝန်တွေထမ်းဆောင်ရင်ကွယ်လွန်သွားခဲ့တယ်လို့ ABSDF က သတင်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၀) ရက်နေ့မှာရဲဘော်နေမျိုးအောင်ဟာ (၉၆)ပါး ရောဂါနဲ့ ကွယ်လွန် သွားတာဖြစ်ပါတယ်။
ရဲဘော်နေမျိုးအောင်အနေနဲ့ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် မ.က.ဒ.တ ရဲဘော်အဖြစ် လက်ရှိ နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်တဲ့ အတွက် ABSDF စစ်ကြောင်း ၃ အနေနဲ့ မိသားစုနဲ့ ထပ်တူ တိုင်ပြည်ရဲ့ သားကောင်းတစ်ဦး အတွက် ဝမ်းနည်းရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် တာဝန်ထမ်းဆောင်စဉ်မှာ စွန့်လွှတ်အနစ်နာခံမှုတွေအတွက်လည်း တပ်ဦးနဲ့ တပ်မတော် မှ အသိအမှတ်ပြုပြီး ရောက်လေရာဘဝမှာ စစ်အာဏာရှင်ကို အနိုင်ရသူဖြစ်စေလို့လည်း ဆုတောင်းပေးထားပါတယ်။
ဓာတ်ပုံ – ABSDF