ကွာလာလမ်ပူ၊ အောက်တိုဘာ(၂၂) 

အာရပ်ကမ္ဘာရဲ့ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ(GCC)နဲ့ အာဆီယံအဖွဲ့ ဝင်နိုင်ငံတွေအကြား လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူညီချက်တွေ ဖန်တီးသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ 

အာရပ်ကမ္ဘာရဲ့ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ (GCC) အတွင်းမှာ အာရပ်ကမ္ဘာရဲ့ နိုင်ငံ ၆ နိုင်ငံဖြစ်တဲ့ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားနဲ့ အာရပ်စော်ဘွား များပြည်ထောင်စုတို့ ပါဝင်ပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပေါင်းစည်းမှုကို စုစည်းထားတဲ့ အဖွဲ့ဖြစ်ပါ တယ်။ 

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ဒီလိုသဘောတူညီချက်ဟာ အာဆီယံနဲ့ ပင်လယ်ကွေ့ နိုင်ငံတွေ အကြားမှာ ပထမဆုံးအကြိမ်ဖြစ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ 

“အထူးသဖြင့် COVID-19 ကူးစက်ရောဂါကနေ ပြန်လည်ကောင်းမွန်လာပြီးတဲ့နောက် ပထဝီဝင်နိုင်ငံရေး မသေချာမရေရာမှုတွေကို ရင်ဆိုင်ရချိန်မှာ ကျွန်တော်တို့အနေနဲ့ ဒီသဘောတူညီချက်ကို ရှေ့ရောက်အောင် ဆောင်ရွက်ထားဖို့နဲ့ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ တိုးတက်မှုအဖြစ် မြှင့်တင်ဖို့ အရေးကြီးပါတယ်”လို့ ဆော်ဒီအာရေးဗျမှာ အာဆီယံနဲ့ GCC အကြား ကျင်းပနေတဲ့ အစည်းအဝေးမှာ မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။ 

အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံမှာ လူဦးရေ သန်း ၆၀၀ ကျော်နေထိုင်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ သဟဇာတဖြစ်တဲ့ စံချိန်စံညွှန်းတွေအတိုင်းဆောင်ရွက်ပြီး အကောက်ခွန်လုပ်ငန်းတွေကနေ အမေရိကန်ဒေါ် လာ ၂ ဒသမ ၃ ထွီလီယမ်တန်ဖိုးရှိ စီးပွားရေးကို ပြန်လည်စုစည်းနိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ပြည်ပပို့ကုန် လုပ်ကိုင်နိုင်တဲ့ နိုင်ငံတစ်ခုတည်းကသာ အဓိကဈေးကွက်တွေကို ရရှိသွားနိုင်တဲ့ အတွက်ကြောင့်လည်း လွတ်လပ်တဲ့ ကုန်သွယ်မှုအပေးအယူတွေဟာ လျော့ကျသွားနိုင်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ 

အာဆီယံဟာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်တို့နဲ့ပါဒေသန္တရပူး ပေါင်းဆောင်ရွက်မှု စီးပွားရေးမူဘောင် (RCEP) မှာလည်း ပါဝင်တာဖြစ်ပါတယ်။ 

Ref – Returns

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.