ဘီးလင်း၊ အောက်တိုဘာ(၂၁)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အင်ဖျားကျေးရွာအနီး ကားလမ်းမဘေး လျှိုတစ်ခုအတွင်း ရိုက်နှက်ခံရပြီး သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က ရိုက်နှက်ခံရပြီး ဒဏ်ရာတွေနဲ့ သေ ဆုံးနေတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို လမ်းသွားလမ်းလာပြည်သူတွေက တွေ့ရှိခဲ့တာပါ။

အဲဒီနောက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်သယ်ဆောင်ရာမှာ အမည်မသိ အမျိုး သားဟာ ဦးခေါင်းဖူးရောင် ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူနဲ့ပတ်သက်ပြီး အမည်နဲ့နေရပ်လိပ်စာ ဘယ်သူဘယ်ဝါဆိုတာမသိရလို့ ဘီးလင်းဆေးရုံမှာ အလောင်းကို ထားရှိထားရတယ်လို့ ဆိုပါတယ်။ဒါပေမဲ့ ဒီနေ့ အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းထိ သေဆုံးသူနဲ့ပတ်သက်ပြီး ဘယ်သူဘယ်ဝါဆိုတာ မသိရသေးသလို မိသားစုဝင်တွေလည်း ရောက်လာတာမရှိတာကြောင့် ဘီးလင်းသုသာန်မှာ သဂြိုလ်သွားမယ်လို့ သိရပါတယ်။

သေဆုံးသူကိုတွေ့ရှိချိန်မှာ အင်္ကျီမပါဘောင်းဘီတို တစ်ထည်သာပါလို့ သေဆုံးသူနဲ့ပတ်သက်တဲ့ အ ထောက်အထားတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း တရားဥပဒေစိုးမိုးမှု နည်းပါးနေတာကြောင့် ပစ္စည်းလု ယက်သတ်ဖြတ်တာ၊ လက်သည်မပေါ်တဲ့ သတ်ဖြတ်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.