ဘန်ကောက်၊ အောက်တိုဘာ(၁၄) 

အမျိုးသမီးစေတနာ့ဝန်ထမ်းတစ်ဦးအပေါ် လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့ကြောင်း တိုင်ကြားခံထားရတဲ့ ပါတီအမတ် တစ်ဦးကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ထိုင်းအတိုက်ခံ နိုင်ငံရေးပါတီ Move Forward ထံကနေ သိရပါတယ်။ 

MFP ရဲ့ ပါလီမန်အမတ်တစ်ဦးဟာ အမျိုးသမီးစေတနာဝန်ထမ်းကို Sex Toy ကို ပြသပြီး လိင်မှုအမှုအရာတွေ ပြုမူခဲ့တဲ့အကြောင်း မကြာသေးခင်က အွန်လိုင်းပေါ်မှာပျံ့နှံ့ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် သြဂုတ်လအတွင်းမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုလုပ်ခဲ့တယ်ဆိုတဲ့ တိုင်ကြား ချက်ကို ပါတီက လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။ 

အဲဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တွေဖွဲ့စည်းကာ စစ်ဆေးမှုဆောင်ရွက်နေ တယ်လို့ MFP ပါတီ စည်းမျဉ်းနဲ့ကျင့်ဝတ်ရေးရာ ကော်မတီ ဥက္ကဋ္ဌ မစ္စတာ နာထာဝတ် ဘူပရာထွန်က သူရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ 

ကော်မတီကနေ တိုင်ချက်သက်သေတွေကို လက်ခံရရှိထားပေးမယ့် ပါလီမန်အမတ်က ကျူးလွန်တယ်လို့ ပြောရလောက်အောင် လုံလောက်မှု မရှိသေးဘူးလို့လည်း သူက ဆိုပါတယ်။ 

Move Forward ပါတီဝင်ဟောင်း အောက်လွှတ်တော်ရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူကတော့ လွှတ်တော်မှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကော်မတီက ဖွဲ့စည်းထားခြင်းမရှိသေးသလို လစ်လပ်နေဆဲ ဖြစ်တာကြောင့် ဒီစွပ်စွဲချက်တွေကို လွှတ်တော်က စစ်ဆေးဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားပါတယ်။ 

ဒါပေမယ့်လည်း စွပ်စွဲသူနဲ့ စွပ်စွဲခံရသူနှစ်ဦးစလုံးကို တရားမျှတစွာ ဆောင်ရွက်ပေးရမှာဖြစ် သလို သူတို့ရဲ့ သက်သေတွေကို တင်ပြဖို့ အခွင့်အရေးပေးသင့်တယ်လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ 

Ref – Thai PBS World

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.