ဆိုးလ်၊ အောက်တိုဘာ (၁၄)
မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ပြေးလာတဲ့ ခိုလှုံသူအများအပြားကို တရုတ်အစိုးရက နေရပ်ပြန်ပို့နေတာကြောင့် တရုတ်အာဏာပိုင်တွေကို ပြင်ပြင်းထန်ထန် ဆန့်ကျင်တယ်လို့ တောင်ကိုရီးယားအစိုးရရဲ့ ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံသားတွေကို မူရင်းနေရပ်ပြန်ပို့တယ်ဆိုတာဟာ နိုင်ငံတကာက ပိတ်ပင် တားဆီးထားတဲ့အချက်ကို ချိုးဖောက်ဆန့်ကျင့်တာ လည်းဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေအဖြစ် ရှုမြင်ပါတယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကူဗြုံးဆပ်ကပြောကြားခဲ့ပါတယ်။
“တရုတ်နိုင်ငံရဲ့ အရှေ့မြောက် ခရိုင်ဒေသန္တရတွေမှာတိမ်းရှောင်နေတဲ့ မြောက်ကိုရီးယား နိုင်ငံသားတော် တော်များများကို မြောက်ပိုင်းကို ပြန်ပို့နေတာဟာ တကယ်ဖြစ်နေတယ်လို့ ယူဆရပါတယ်” လို့ မစ္စတာကူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒ့ါအပြင် ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်နေတဲ့ လူအရေ အတွက်ကို အတိအကျမသိနိုင်ပေမယ့် လည်း အဲဒီလူတွေဟာ ထွက်ပြေးတိမ်းရှောင်လာသူတွေ၊ လူနာတွေ၊ ဒါမှမဟုတ် ရာဇဝတ်သား တွေဖြစ်ကြတယ်လို့ တောင်ကိုရီးယားရဲ့ ပေါင်းစည်းရေးဝန်ကြီးဌာန က ပြောကြားခဲ့ပါတယ်။
“တောင်ကိုရီးယားအစိုးရဟာ ဒီအခြေအနေနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ပြီးတော့ တရုတ်အစိုးရကို ဒီကိစ္စအကြောင်း ဦးတည်ဆွေးနွေးခဲ့သလို ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကိုလည်း အထူးအလေးပေး ပြောကြားခဲ့ပါတယ်”လို့မစ္စတာ ကူဗြုံးဆပ်က ပြောကြားခဲ့ပါတယ်။
အခုသီတင်းပတ်အတွင်းမှာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့ လူဦးရေ ၆၀၀ နီးပါးကို တရုတ်အစိုးရက အတင်းအကျပ်နေရပ်ပြန်ပို့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အာဏာပိုင်တွေ ကို မေးမြန်းခဲ့ရာမှာတော့ “တိမ်းရှောင်ခိုလှုံသူတွေ”ဟာ တရုတ်နိုင်ငံထဲမှာ မရှိဘူးလို့သာ ဖြေကြား ခဲ့ပါတယ်။
တရုတ်ပြည်ကို စီးပွားရေးလုပ်ကိုင်ဖို့ အကြောင်းပြချက်နဲ့ ဝင်ရောက်လာတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေ အကြောင်းပြောမယ်ဆိုလျှင် တရုတ်ဟာ ဥပဒေအတိုင်းသာ ဆောင်ရွက်တာဖြစ် တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာဝန်ဝီဘင်က ပြောကြားခဲ့ ပါတယ်။
Ref:Reuters