Palestinians sit among the rubble of a damaged residential building, in the aftermath of Israeli strikes, in Gaza City, October 10, 2023. REUTERS/Mohammed Salem TPX IMAGES OF THE DAY - RC2GP3AULC3X

ဂါဇာ၊ အောက်တိုဘာ (၁၂) 

အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ ပြင်းထန်လွန်းတာကြောင့် ဂါဇာရှိ ပါလက်စတိုင်းသားတွေ က သူတို့ နယ်မြေသိမ်းပိုက်ခံရခဲ့တဲ့ ၁၉၄၈ ခုနှစ်စစ်ပွဲကို ရည်ညွှန်းတဲ့ အာရပ်စကားလုံး “နက်ခ်ဘာ” လို့ခေါ်တဲ့ ကပ်ဘေးအချိန်လို ခံစားနေကြရတယ်လို့ ပြောနေကြပါတယ်။ 

ပါလက်စတိုင်းတို့နဲ့ ၇၅ နှစ်ကြာ ပဋိပက္ခအတွင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို အောက်တိုဘာ ၁၀ ရက်နေ့မှာ ထိုးစစ်ဆင်ခဲ့မှုကြောင့် အားလုံးထွက်ပြေးနေကြရတာပါ။ 

အဲဒီထဲက အသက် ၂၂ နှစ်အရွယ် အာလတ်ဟ် ဆိုသူက “အခြေအနေက ရူးသွပ်လောက်တယ်၊ တကယ်တော့ ဘယ်နေရာကမှ မလုံခြုံပါဘူး။ 

ကျွန်တော် မနေ့ကကတည်းက သုံးကြိမ်တိုင်တိုင် ရွှေ့ပြောင်းခဲ့ပြီးပါပြီ” လို့ ဗုံးကြဲ ခံနေရတဲ့ အခြေအနေကို ရိုက်ကူးပြီး သူ့ရဲ့အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။ 

အစ္စရေးကို ဟားမတ်စ်တို့ရဲ့ အံ့အားသင့်စွာ တိုက်ခိုက်မှုပြီးတဲ့နောက် သူနဲ့အတူ အခြားသူတွေ ဟာ ဗုံးကြဲတိုက်ခိုက်မှုကနေ ကင်းလွတ်တဲ့နေရာတွေကို ကြိုးပမ်းခဲ့ရှာဖွေနေကြရပါတယ်။ 

“မနေ့ကမှပဲ ငါ့အဘိုးပြောခဲ့ဖူးတဲ့ ၁၉၄၈ နဲ့ နက်ခ်ဘာအကြောင်း ငါနားလည်တော့တယ်။ အဲဒီအကြောင်း ဇာတ် လမ်းတွေကြားတုန်းက ငါနားမလည်ခဲ့ဘူး” လို့ ဂါဇာရှိ အိမ်တစ်အိမ်မှာ ပုန်းခိုစဉ်သူ့ရဲ့ လူမှုကွန်ရက်မှာ ပြော ဆိုခဲ့ပါတယ်။ 

“ကျွန်တော်က အခု အသက် ၂၂ နှစ်ရှိပြီ၊ မနေ့ကမှ “နက်ခ်ဘာ”ဆိုတာကို လုံးလုံးနားလည် ခဲ့တယ်” လို့ သူက ဆိုခဲ့တာပါ။ 

“နက်ခ်ဘာ” စစ်ပွဲကပ်ဘေးပြီးနောက် ဆယ်စုနှစ် ၇ခု ကျော်ကြာတဲ့အထိ ပါလက်စတိုင်းသား တွေဟာ သူတို့ရဲ့ ဘေးဆိုးကြီးအတွက် ငိုကြွေးနေဆဲဖြစ်ပါတယ်။ 

အဲဒီစစ်ပွဲကြီးအတွင်း ပါလက်စတိုင်း ၇ သိန်းနီးပါး သူတို့ရဲ့နေအိမ်တွေကနေ နှင်ထုတ်ခံခဲ့ကြ ရပြီး ပြန်လာဖို့လည်း ငြင်းဆိုခံခဲ့ကြရပါတယ်။ 

အများစုကတော့ ဂျော်ဒန်၊ လက်ဘနွန်နဲ့ ဆီးရီးယားတို့အပြင် ဂါဇာ၊ အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်တို့မှာ ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။ 

လက်ဝှေ့နည်းပြဖြစ်တဲ့ အဘူအဲလ်ကတ်စ်ကတော့ သူ့ရဲ့ ၅ ထပ်နေအိမ်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့ ညက ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားကြောင်း ပြောဆိုခဲ့ပါတယ်။ 

အဲလ်ကတ်စ်နဲ့ သူ့ရဲ့ကလေးငယ်တွေဟာ အခုချိန်မှာသူငယ်ချင်းရဲ့နေအိမ်မှာ ခေတ္တနေကြပေ မယ့်လည်း ပိုမိုပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်လာမှာကို အလွန်စိုးရိမ်နေကြပါတယ်။ 

“ဒါက ငါတို့ရဲ့ ၁၉၄၈ စစ်ပွဲနဲ့ အတူတူပါပဲ၊ ဒါဟာ နောက်ထပ်နက်ခ်ဘာပဲ”လို့ သူက ရိုက်တာ သတင်း ဌာနကို ပြောဆိုခဲ့ပါတယ်။ 

အခုချိန်မှာတော့ အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို တင်းကျပ်ထားခဲ့ပြီး အစားအစာနဲ့ လောင်စာဆီ တင်သွင်းမှုတွေကိုလည်း အပြည့်အဝ တားမြစ်ထားကာ လျှပ်စစ်ဓာတ် အားပေးဝေမှုကိုလည်း ဖြတ်တောက်ထားပါတယ်။ 

အစ္စရေးကာကွယ်ရေးဝန်ကြီးကတော့ ဒီတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသရဲ့ ပေးဆောင်ရမယ့် တန်ကြေးဟာ “မျိုးဆက်နဲ့ချီပြီး လက်တွေ့မှာပြောင်းလဲသွားစေမယ်”လို့ သတိပေးခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.