ဘန်ကောက် – အောက်တိုဘာ(၁၂)

ထိုင်းဝန်ကြီးချုပ်ဟောင်း ပရယွတ်ရဲ့ ရချ်ဘူရီခရိုင် ခရီးစဉ်မှာ နှုတ်နဲ့ စော်ကားပြောဆိုခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ခရိုင်တရားရုံးက ထောင်ဒဏ်(၆)လ(၁၀) ရက်နဲ့ ဒဏ်ငွေဘတ်(၁၀၀၀) ချမှတ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မတ်လက ဝန်ကြီးချုပ်ဟောင်းရဲ့ ခရီးစဉ်ကို အတွင်းစော်ကားပြောဆိုခဲ့ တာဖြစ်တဲ့အတွက် ပန်နာဘန်ပွန်(ကြီးတော် နာဘန်ပွန်) လို့လူသိများတဲ့ အမျိုးသမီးကို တရားရုံး က ဝန်ကြီးချုပ်လုံခြုံရေးစည်း ချိုးဖောက်ဝင်ရောက်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ရဲတပ်ဖွဲ့က ဖြစ်စဉ်အတွင်းမှာ အဲဒီအမျိုးသမီးကို လုံခြုံရေးစည်းအတွင်းက ထွက်ခွာပေးဖို့ တောင်းဆိုခဲ့ပေမယ့် ထွက်ခွာတာမရှိတဲ့အပြင် စော်ကားပြောဆိုခဲ့တာဟာ အာဏာပိုင်တွေကို ဝတ္တရားနှောက်ယှက်သလိုဖြစ်နေတယ်လို့ ဆိုထားပါတယ်။ 

အဲဒီနောက် ခရိုင်ရဲတပ်ဖွဲ့က လုံခြုံရေးစည်းထဲက ထွက်ခွာသွားတာမရှိတဲ့ ပန်နာဘန်ပွန် ဆိုတဲ့ အမျိုးသမီးကို ဆွဲထုတ်ခဲ့ကြရတယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသမီးကို ဥပဒေအရ အရေးယူဆောင်ရွက်တာဟာ တခြားသူတွေ အလားတူ ဆောင်ရွက်ချက်မျိုးတွေမလုပ်အောင်ဖြစ်တဲ့အတွက် ထောင်ဒဏ်ကိုလည်း ဆိုင်းငံ့ ပေးဖို့ မဖြစ်နိုင်ဘူးလို့ တရားရုံးက ပြောပါတယ်။

ဒါပေမယ့် ရတ်ဆဒွန် ပရာဆွန် ဆိုတဲ့ရန်ပုံငွေအဖွဲ့က သူမအတွက် အာမခံဘတ်ငွေ(၃၀၀၀၀) ပေးအပ်ပြီးနောက်မှာတော့ သူမကို အာမခံပေးပြီး ပြန်လွှတ်ပေးထားတယ်လို့ သိရပါတယ်။

အာမခံနဲ့ပြန်လွတ်လာပြီးနောက်မှာတော့ ပန်နာဘန်ပွန်ဟာ ဆန္ဒပြတဲ့အနေနဲ့ ရုံးတော်ရှေ့မှာ သူမရဲ့ ဆံပင်တွေကို ကတုံးရိတ်ခဲ့သလို သူ့ရဲ့တရားမျှတမှုအတွက် တိုက်ပွဲဝင်တာကိုလည်း အရှုံးပေးမှာမဟုတ်ဘူးလို့ မီဒီယာတွေကို ပြောခဲ့ပါတယ်။ 

Ref: Thai PBS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.