FILE - The USS Gerald R. Ford, one of the world's largest aircraft carriers, arrives in Halifax on Oct. 28, 2022. The Pentagon has ordered the Ford carrier strike group to sail to the Eastern Mediterranean to be ready to assist Israel, two U.S. officials said Sunday, Oct. 8, 2023. The USS Gerald R. Ford and its approximately 5,000 sailors and deck of warplanes will be accompanied by cruisers and destroyers in a show of force that is meant to be ready to respond to anything, from possibly interdicting additional weapons from reaching Hamas and conducting surveillance. (Andrew Vaughan/The Canadian Press via AP, File)

ဝါရှင်တန်၊ အောက်တိုဘာ (၁၀)

ပါလက်စတိုင်း လက်နက်ကိုင် ဟားမတ်စ်အဖွဲ့ရဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုမှာ အမေရိကန်နို င်ငံသားတွေ ထိခိုက်သေဆုံးခဲ့တာကြောင့် သူ့ရဲ့မဟာမိတ်အစ္စရေးအတွက် ကူညီမှုတိုးမြှင့်ဖို့ အမေရိကန်စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေကို ဖြန့်ကျက်စေလွှတ်လိုက်ပါတယ်။ 

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ အမေရိကန်နိုင်ငံသား အများအပြား သေဆုံးခဲ့ကြောင်း အမေရိကန် အရာရှိတစ်ဦးက အေပီသတင်းဌာနသို့ အတည်ပြုပြောဆိုခဲ့ပြီး အရေအတွက်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။ 

“ဟားမတ်စ်တွေရဲ့ ရက်စက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူတွေနဲ့ သူတို့ ရဲ့ချစ်ခင်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ မိသားစုများစွာနဲ့အတူ ကျွန်တော့်တို့တွေ ဆက်လက်ရှိနေ မှာပါ” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား တာပါ။ 

အစ္စရေးအပေါ် ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ဖို့ သမ္မတဘိုင်ဒင်နဲ့ အသေးစိတ် ဆွေးနွေးမှုပြီးနောက် ဒေသတွင်းကာကွယ်တားဆီးရေး လုပ်ငန်းစဉ်တွေ အားကောင်းလာစေဖို့ အဆင့်ပေါင်းများစွာ ညွှန်ကြားထားတယ်လို့ သူက ဆိုပါတယ်။ 

ဝန်ကြီးအော်စတင်က ဒီအရေးမှာ ရေတပ်စစ်သား ၅၀၀၀ နီးပါးအပြင် စစ်လေယာဉ်တွေ၊ ဘယ်အရာကိုမဆို တုံ့ပြန်ဖို့ အသင့်ရှိနေတဲ့ အမေရိကန်ရေတပ်ရဲ့ နောက်ဆုံးပေါ်အဆင့်မြင့်ဆုံး လေယာဉ်တင်သင်္ဘော ယူအက်စ်စ်ဂျီရတ်အာဖို့ဒ်တို့ကို တပ်ဖြန့်ချထားဖို့ အမိန့်ပေးခဲ့ပါတယ်။ 

ဒါ့အပြင်အမေရိကန်ဟာ အစ္စရေးသို့ ဒရုန်းကျည်ဖျက်သင်္ဘောတို့ကိုလည်း စေလွှတ်ထားပြီး လေတပ်တိုက်လေယာဉ်တွေကိုပါ တိုးချဲ့ဖြန့်ကျက်သွားမယ်လို့ ဆိုပါတယ်။ 

ဂါဇာမှ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ဘက်စလုံးလူပေါင်းထောင်ကျော် အသက်ဆုံးရှုံးခဲ့ရပြီး အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမင်နေတန်ယာဟုက ဒီတိုက်ခိုက်မှုကို အမေရိကန်ရဲ့ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်ခံရ မှုကဲ့သို့ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ဝန်ကြီးချုပ် နေတန်ယာဟုတို့ကလည်း ပဋိပက္ခအတွင်း မိသားစုတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေအပါအဝင် ဟားမတ်စ်အကြမ်းဖက် သမားတွေရဲ့ ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့သူတွေ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း တံခါးပိတ် အရေးပေါ်အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပြီး “ဟားမတ်စ် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှု” ကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ အမေရိကန်က တောင်းဆိုထားပေမယ့် အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက ချက်ချင်းတုံ့ပြန်မှု မရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ စနေနေ့တုန်းက ဟားမတ်စ်အဖွဲ့ရဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အစ္စရေးဘက်ကလည်း တန်ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် လက်ရှိမှာတော့ အစ္စရေးနဲ့ ပါလက်စတိုင်းမှာ သေဆုံးသူ ၁၀၀၀ ကျော်အထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

Ref: Outlookindia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.