နေပြည်တော် – အောက်တိုဘာ(၇)

နေပြည်တော်စစ်ဒေသခွဲ ပြည်သူလူထုလုံခြုံရေးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်စစ်ဒေသခွဲ တပ်ရင်းအမှတ်(၈၀၅)က ရဲဘော်တွေကို စစ်သည်တော်တွေလိုက်နာ ကျင့်ကြံရမယ့် ကျင့်ဝတ်တွေကို သင်တန်းပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ(၃) ရက်နေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ COC – Code of Conduct / Soldier’s rules စစ်သည်တော်ကျင့်ဝတ်များ၊စစ်မှုထမ်းများ ယေဘူယျ လိုက်နာရမယ့် စစ်စည်းကမ်းများ၊စစ်သည်တော်များ သိရှိလိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဥပဒေများဖြစ်တဲ့IHL – International Humanitarian Law ( အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေ)Geneva Conventions ( ဂျနီဗာကွန်ဗန်းရှင်း)တို့ကို သင်ကြားပို့ချခဲ့ပါတယ်။

သင်တန်းမှာ သင်တန်းသား(၂၁) ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းသားရဲဘော်တွေကို နေ့လည်စာ ကျွေးမွေးဧည့်ခံတာ၊ကော်ဖီ/အအေးနဲ့ မုန့်တွေ ကျွေးမွေးဧည့်ခံတာတွေပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.