ဂျာကာတာ၊ အောက်တိုဘာ(၃) 

တရုတ်နိုင်ငံကထောက်ပံ့ထားပြီး ဒေါ်လာဘီလီယမ်များစွာတန်ဖိုးရှိတဲ့ အရှေ့တောင်အာရှရဲ့ ပထမဦးဆုံး မြန် နှုန်းမြင့်ကျည်ဆန်ရထားကို အင်ဒိုနီးရှားမှာ စတင်ပြေးဆွဲနေပြီပဲ ဖြစ်ပါတယ်။ 

အဲဒီရထားဟာ မြို့တော်ဂျာကာတာနဲ့ အင်ဒိုနီးရှားရဲ့ အဓိကမြို့တွေကို နာရီပိုင်းအတွင်း ဖြတ်သန်းပြေး ဆွဲပေးနိုင်မယ်လို့လည်း သိရပါတယ်။ 

“Woosh” လို့ အမည်ရတဲ့ တရုတ်ထုတ်ကျည်ဆန်ရထားဟာ ဂျာကာတာနဲ့ ဘန်ဒွန်ရှိ ဂျာဗာမြို့ကို ၄၅ မိနစ်အတွင်း ဖြတ်သန်းခုတ်မောင်းမှာဖြစ်ပြီး တရုတ်ရဲ့ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း အခြေခံအ ဆောက်အဦး စီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။ 

သမ္မတဂျိုကိုဝီဒိုဒိုဟာ အင်ဒိုနီးရှားရဲ့ ရေပန်းစားတဲ့ ဂျာဗားကျွန်းရဲ့ မြို့ ၂ မြို့ကို အမြန်နှုန်းနဲ့ စီးနင်းရောက် ရှိနိုင် မယ့် ရထားစီမံကိန်းကို ချီးမွမ်းခန်းဖွင့်ခဲ့သလို အဲရထားကိုလည်း ဒီကနေ့ အောက်တိုဘာ ၂ ရက်နေ့ မှာ ဖွင့်ပွဲလုပ်ခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေရဲ့ပြောကြားချက်အရ သိရပါတယ်။ 

“Woosh” မြန်နှုန်းမြင့်ရထားဟာ တစ်နာရီကို ၂၂၀ မိုင်နှုန်းသွားလာနိုင်ပြီး ဒီရထားစီမံကိန်းဟာ တရုတ်နဲ့ အင်ဒိုတို့ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းဖြစ်သလို အမေရိကန်ဒေါ်လာ ၇ ဘီလျံကျော် ကုန်ကျတာ ဖြစ်ပါတယ်။ 

ဒီစီမံကိန်းကို အင်ဒိုနီးရှားနိုင်ငံကုမ္ပဏီ ၄ ခုနဲ့ ဘေဂျင်းအစိုးရဲ့ China Railway International ကုမ္ပဏီတို့မှ ပါဝင်ဖွဲ့စည်းတဲ့ PT KCIC တို့က အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ 

အရင်က ကျည်ဆန်ရထားစီမံကိန်းကို အမေရိကန်ဒေါ်လာ ၅ ဘီလီယမ် အောက်သာကုန်ကျပြီး ၂၀၁၉ ခုနှစ်တွင် အဆုံးသတ်ဖို့ စီစဉ်ထားပေမယ့်လည်း ကိုဗစ်ကိစ္စတွေကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ကြန့်ကြာမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ 

အင်ဒိုအာဏာပိုင်တွေဟာ ဖွင့်ပွဲမလုပ်ခင် မြန်နှုန်းမြင့်ရထားကို အများပြည်သူနဲ့အတူ မိုင် ၉၀ အထိ စမ်းသပ် မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

လွန်ခဲ့တဲ့လအတွင်း အရှေ့တောင်အာရှခေါင်းဆောင်များ အစည်းအဝေးတွေ ကျင်းပနေချိန်မှာ တရုတ်အ မြင့်ဆုံးအာဏာပိုင်နဲ အင်ဒိုနီရှားအကြီးတန်း ဝန်ကြီးတစ်ဦးဟာတို့ဟာ အဲဒီရထားကို စမ်းသပ်စီးနင်းခဲ့ကြ ပါတယ်။ 

အင်ဒိုသမ္မတဝီဒိုဒိုဟာ အနာဂတ်မှာတော့ တရုတ်သမ္မတ ရှီကျင်ဖျင်ကို ဖိတ်ကြားပြီး ရထား အတူတကွစီးနင်း သွားမှာဖြစ်တယ်လို့လည်း အင်ဒိုအာဏာပိုင်တွေက ပြောကြားထားပါတယ်။ 

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.