မန်ချက်စကာ၊ အောက်တိုဘာ (၃) 

ယူကရိန်းမှာ စစ်သင်တန်းပို့ချမယ့် အစီအစဉ်မရှိသေးပဲ နိုင်ငံအတွင်းတပ်ဖွဲ့ဝင်တွေလေ့ကျင့် ဆောင်ရွက်နိုင်ဖို့ အကြံပြုထားတဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ မှတ်ချက်တွေကိုပါ ပြန်လည်ရုတ် သိမ်းလိုက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်က ပြောကြားလိုက်ပါတယ်။ 

ဗြိတိန်နဲ့ သူ့ရဲ့မဟာမိတ်တွေဟာ လက်ရှိအချိန်အထိ ရုရှားနဲ့တိုက်ရိုက်ပဋိပက္ခဖြစ်နိုင်ခြေတွေကို လျှော့ချဖို့ အ တွက် ယူကရိန်းမှာ တရားဝင်စစ်ရေးချထားမှုတွေကို ရှောင်ရှားခဲ့ကြပါတယ်။ 

ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ယူကရိန်းနိုင်ငံ ဒါမှမဟုတ် အခြားသော အနောက်နိုင်ငံတွေမှာ ယူကရိန်းတပ် တွေကို လေ့ကျင့်ပေးဖို့ နိုင်ငံတွင်း စစ်သင်တန်းပို့ချပေးလိုကြောင်း The Sunday Telegraph သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။ 

အဲဒီတွေ့ဆုံမေးမြန်းမှုကို ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာဘဲ ဝန်ကြီးချုပ်ဆူနက်က ယူကရိန်းကို ဗြိတိန်တပ်တွေ စေလွှတ်ဖို့ ချက်ချင်းအစီအစဉ်မရှိဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့တာပါ။ 

“ကာကွယ်ရေးဝန်ကြီးပြောခဲ့တာက နောင်အနာဂတ် တနေ့နေ့မှာတော့ ယူကရိန်းမှာ လေ့ကျင့်မှုအချို့ လုပ်နိုင်ဖို့ အတွက်ပြောဆိုတာ ဖြစ်နိုင်ပါတယ်” လို့ မန်ချက်စတာရှိ ကွန်ဆာဗေးတစ်ပါတီ နှစ်ပတ်လည်ညီလာခံမှာ ဆူ နက်က သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

“ဒါပေမယ့် ဒါကရေရှည်အတွက်သာဖြစ်ပြီး လက်ရှိပဋိပက္ခမှာ တိုက်ခိုက်ဖို့ ဗြိတိန်စစ်သားတွေကို စေလွှတ်သွား ဖို့ မရှိပါဘူး” လို့ သူကပြောကြားခဲ့တာပါ။ 

ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီဒက်ကတော့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးနေတဲ့ ဗြိတိန်စစ် သားမှန်သမျှဟာ ရုရှားတပ်ဖွဲ့ရဲ့ တရားဝင်ပစ်မှတ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ 

ဗြိတိန်က ပြီးခဲ့သောနှစ်အတွင်း ယူကရိန်းနိုင်ငံသား နှစ်သောင်းခန့်အား ငါးပတ်ကြာ စစ်ရေး လေ့ကျင့်မှု သင်တန်းတွေပေးအပ်ခဲ့ပြီး အလားတူအရေအတွက်ကို ဆက်လက်လေ့ကျင့်ပေးဖို့ ရည်ရွယ်ထားတာဖြစ် ပါတယ်။ 

ကာကွယ်ရေးဝန်ကြီးကတော့ ဗြိတိန်စစ်တပ်အကြီးအကဲတွေနဲ့ ပြီးခဲ့တဲ့သောကြာနေ့က ဆွေးနွေးပြီးနောက် ယူကရိန်းနိုင်ငံအတွင်း စစ်ရေးလေ့ကျင့်မှု ကမ်းလှမ်းဖို့ရှိကြောင်း ပြောဆိုထားခဲ့တာပါ။ 

နှစ်ပေါင်းများစွာအတွင်း ကိုဆိုဗိုနိုင်ငံမြောက်ပိုင်မှာ အဆိုးရွားဆုံး အကြမ်းဖက်မှုတွေ ဖြစ်ပွား ပြီးနောက် မကြာမီ ရက်ပိုင်းအတွင်း ဗြိတိန်ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့ တပ်ဖွဲ့ဝင်ရာပေါင်းများ စွာကို အဲဒီနေရာကို စေလွှတ် ထားကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ 

အခုလမှာ ပိုလန်ရဲ့ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲမတိုင်မီ ပိုလန်အစိုးရတောင်းဆိုမှုကြောင့် နေတိုးရဲ့ အရှေ့ ဘက်ခြမ်းကို ကာကွယ်ကူညီဖို့အတွက် ဗြိတိန်တိုက်လေယာဉ်တွေကို အခုသီတင်းပတ်ကုန်မှာ စေလွှတ်ခဲ့ ကြောင်းလည်း သူကပြောဆိုခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.