September 2023

စစ်အာဏာသိမ်း (၉၅၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၀၇၁) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၁၂) AAPP ရဲ့ စက်တင်ဘာ(၁၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၅၃)ရက်အတွင်း ပြည်သူ (၄၀၇၁)ဦးအထိ အကြမ်းဖက်သတ် ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၄၇၅၁) ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၂၉၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

လေကြောင်းတိုက်ခိုက်မှုကို လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့တိုးချဲ့အရေးယူပေးဖို့ KNU တောင်းဆို

ဖာပွန်၊ စက်တင်ဘာ(၁၂) လေကြောင်းတိုက်ခိုက်မှုတွေကို ဥပဒေမဲ့ စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျုးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီအား နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပိုမိုထိရောက်လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့ တိုးချဲ့ပိတ်ဆို့ အရေးယူပေးဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ KNUဖာပွန်ခရိုင်၊ လူသောမြို့နယ်ထဲက ကျေးရွာ ၃ ရွာကို စစ်ကောင်စီလေတပ်ကနေ ဂျက်တိုက်လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဆရာမ၊ ကျောင်းသူ၊ ကျောင်းသားတွေအပါဝင် ဒေသခံဆယ်နဲ့ချီ…

အင်အားချိနဲ့လာတဲ့ စစ်အုပ်စုက ဌာနေပြည်သူ့စစ်တွေကို အသုံးချဖို့ကြိုးပမ်း

လားရှိုး၊ စက်တင်ဘာ(၁၂) တပ်အင်အားပြုန်းတီးမှုနဲ့အတူ စိတ်ဓာတ်ရေးရာပါ ကျဆင်းနေတဲ့ စစ်ကောင်စီတပ်ဟာ တိုင်းပြည်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဌာနေပြည်သူ့စစ်တွေ ပူးပေါင်းပါဝင်ပေးကြဖို့ စစ်ခေါင်းဆောင်ကိုယ်တိုင် စည်းရုံးတာတွေ လုပ်ဆောင်နေရပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ဒေသတွင်းရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ ခြောက်ဖွဲ့ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ အဲဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ…

ပုလောတိုက်ပွဲမှာ အရပ်သားတစ်ဦးအပါအဝင် ၃ ဦး သေဆုံး

ပုလော၊ စက်တင်ဘာ(၁၂) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာအနီးမှာ စက်တင်ဘာ ၁၁ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားတစ်ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးထားတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) ထံကနေ သိရပါတယ်။ အဲဒီနေ့မနက် ၅ နာရီအချိန်လောက်မှာ တပ်အင်အား ၁၀၀ လောက်နဲ့ ပိတပ်ကျေးရွာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ…

ပေါင်ဥတ္တံတားဒေသခံ ၁၅ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရ

ပေါင်၊ စက်တင်ဘာ(၁၂) စစ်ကောင်စီနယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရပြီးနောက် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာနေ ဒေသခံပြည်သူ ၁၅ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ ၃ ရက်နေ့က နယ်ထိန်းရဲတပ်သား ကိုကိုလွင်ဟာ မိုးနိုင်းရပ်ကွက်နေ ပေါင်မြို့မရဲစခန်းသို့ ဆိုင်ကယ်နဲ့ပြန်လာစဉ် တော်လှန်ရေးအင်အားစုတွေက မော်လမြိုင်-ရန်ကုန်လမ်းပေါ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ အဲဒီဖြစ်စဉ်ပြီးနောက် စက်တင်ဘာ ၆ ရက်နေ့ကစပြီး တပ်အင်အား…

မိသားစုလိုက်အသတ်ခံရမှုနဲ့ ဆက်နွယ်နေတဲ့ ထိုင်းကောလ်စင်တာလူလိမ်ဂိုဏ်းကို ကမ္ဘောဒီးယားမှာ ဖမ်းမိ

ဖနွမ်းပင်၊ စက်တင်တာ(၁၂) ကောစင်တာလိမ်လည်ဂိုဏ်းမှာ ပါဝင်ပတ်သက်မှုဖြင့် ထိုင်းနိုင်ငံသားလေးဦးကို ကမ္ဘောဒီးယားမှာ ဖမ်းဆီးခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆူပိုဝမ်ဝိမ်ဆိုသူဟာ ကောစင်တာလိမ်လည်မှုကွန်ရက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး သူနဲ့အတူ အမျိုးသမီးငယ်သုံးဦးတို့က လိမ်လည်ဖို့ သားကောင်တွေကို ဖုန်းခေါ်ဆိုကြတာလို့ ဆိုပါတယ်။ သူတို့ဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတစ်ခုမှာ ပါဝင်မှု၊ လိမ်လည်မှုနဲ့ ကွန်ပျူတာရာဇဝတ်မှု ဆိုင်ရာ စွဲချက်…

ရုရှားထုတ် Su-30 ဖိုက်တာဂျက်တင်ပို့မှုကို မြန်မာစစ်ကောင်စီ လက်ခံရရှိထား

မော်စကို – စက်တင်ဘာ(၁၂) မြန်မာနိုင်ငံဟာ ရုရှားထုတ် Su-30 ဖိုက်တာဂျက်လေယာဉ်နှစ်စီး ပထမအကြိမ်တင်ပို့မှုကို လက်ခံရရှိထားပြီဖြစ်တယ်လို့ မြန်မာကုန်သွယ်ရေးဝန်ကြီး ချာလီသန်းက ရုရှားနိုင်ငံပိုင် သတင်း ဌာန RIA ကို ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ရည်ရွယ်သလို ပြည်ပရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ဖို့အတွက် ရုရှားနိုင်ငံမှာ နှစ်စဉ်ကျင်းပနေတဲ့ Eastern Economic Forum ရဲ့ ပြင်ပ…

မော်ရိုကိုမှာ ငလျင်ကြောင့် သေဆုံးသူ (၂၁၀၀) ကျော်ရှိလာ

ရာဘတ် – စက်တင်ဘာ(၁၂) မော်ရိုကိုနိုင်ငံရဲ့ အသေအပျောက်အများဆုံးငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ (၂၁၀၀) ကျော် သွားပြီဖြစ်သလို အသက်ရှင်ကျန်ရစ်သူတွေအတွက်လည်း အစားအစာ၊ ရေနဲ့ အမိုးအကာတွေရ ရှိဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ(၉) ရက်နေ့ ညနေပိုင်းမှာ ပြင်းအား(၆.၈) အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ပြီး နောက် လူအများအပြားဟာ(၃)ညတာ ရင်ဆိုင်ခဲ့ရပြီး အိမ်များစွာ ပြိုကျတဲ့ နေရာဖြစ်တဲ့…