မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှု အောင်မြင်
မုံရွာ – စက်တင်ဘာ(၁၃) စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စစ်ကောင်စီကို အစာငတ် ခံဆန္ဒပြ တောင်းဆိုမှုအောင်မြင်ခဲ့ပြီး စစ်ကောင်စီဘက်က လိုက်လျောခဲ့ရတယ်လို့ မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေဟာ တောင်းဆိုချက်(၄) ချက်ကို အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ မုံရွာအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံ တိုက်ပွဲဝင်မှုဟာ နောက်ဆုံးမှာ အနိုင်ရရှိခဲ့ပြီး ဒီလိုအခြေအနေကို ပြန်လည်ရရှိလာတာဟာ ထောင်တွင်းနိုင်ငံရေး အကျဉ်းသားတွေရဲ့…