ဘေဂျင်း ၊ စက်တင်ဘာ (၂၃)

ဟောင်ကောင်ရှိ ဝန်ထမ်းတွေအားလုံးရဲ့ ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက်အလက်တွေကို လွှဲပြောင်းပေးဖို့ တရုတ်က ဟောင်ကောင်နိုင်ငံခြား ကောင်စစ်ဝန်ရုံးတွေထံ တောင်းဆိုလိုက်ပါ တယ်။ 

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မြို့တော်ရုံးမှ ပေးပို့တဲ့စာမှာတော့ ဝန်ထမ်းတွေအားလုံး ရဲ့အချက်အလက်တွေကို အောက်တိုဘာ ၁၈ ရက်နေ့ နောက်ဆုံးထား တင်ပြပေးဖို့ တောင်းဆိုထားကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

အဲဒီတောင်းဆိုချက်ထဲမှာ ဒေသတွင်းအချက်အချာကျတဲ့နေရာမှာ အမြဲတမ်းနေထိုင်သူတွေသာ မက၊ အမြဲတမ်း နေထိုင်တာမဟုတ်တဲ့သူတွေရဲ့ စာရင်းပါပါရှိတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် နိုင်ငံခြားမစ်ရှင်တွေလုပ်ဆောင် နေရတဲ့ ဒေသတွင်းဝန်ထမ်းတွေအားလုံးနဲ့လည်း သက်ဆိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

အခုလိုလုပ်ဆောင်တာဟာ နိုင်ငံတကာ ကျင့်ထုံးတွေနဲ့ အညီလုပ်ဆောင်တာလို့ဆိုခဲ့ပြီး တရုတ်ပြည်မကြီးရှိ စည်းမျဉ်းတွေနဲ့အညီ ဟောင်ကောင်မှာလဲ ကျင့်သုံးနိုင်အောင် ဆောင်ကျဉ်းပေးမှာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုခဲ့ပါတယ်။ 

“တရုတ်ဘက်က ဟောင်ကောင်မှာရှိတဲ့ နိုင်ငံခြားကောင်စစ်ဝန်ရုံးတွေကို ဥပဒေနဲ့အညီ လက်တွေ့ကျကျ စီမံခန့်ခွဲနေပါတယ်” လို့ အဲဒီလုပ်ဆောင်ချက်ကို အတည်ပြုဖို့ မေးမြန်းမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဝန်ကြီးဌာနက ပြီးခဲ့တဲ့ဗုဒ္ဓဟူနေ့က ပြောခဲ့ပါတယ်။ 

ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့်လည်း ၁၉၉၇ ခုနှစ်မှာ ဗြိတိသျှအုပ်ချုပ်မှု ပြီးဆုံးချိန်မှစပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်တချို့ရရှိခဲ့ပါတယ်။ 

ဒါပေမယ့် ၂၀၁၉ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ကြီးမားတဲ့ဆန္ဒပြပွဲတွေအပြီးမှာပဲ ပေကျင်းက အမျိုးသားလုံခြုံရေး ဥပဒေပြဌာန်းခဲ့ပြီး မြို့တော်ကို ထိန်းချုပ်မှုတင်းကျပ်ခဲ့တာပါ။ 

ပြည်မကြီးရှိ နိုင်ငံခြားသံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေက တရုတ်ဝန်ထမ်းတွေရဲ့ ကိုယ်ရေး ကိုယ်တာ အသေး စိတ်အချက်အလက်တွေကို လွှဲပြောင်းပေးအပ်ဖို့ လိုအပ်နေလို့ တရုတ်က အဲဒီမူဝါဒကို နယ်မြေအတွင်း ပထမ ဆုံးအကြိမ် အကောင်အထည်ဖော်လိုတာဖြစ်တယ်လို့ ယူဆရကြောင်း ဘီဘီစီသတင်းဌာနက သုံးသပ်ထားပါတယ်။ 

တရုတ်အာဏာပိုင်တွေထံ တင်ပြရမယ့် အချက်အလက်တွေထဲမှာ ဝန်ထမ်းရဲ့ အလုပ်ရာထူး၊ နေရပ်လိပ်စာနဲ့ အိုင်ဒီကတ်နံပါတ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ 

စုဆောင်းရရှိလာမယ့် အချက်အလက်တွေပေါ်မူတည်ပြီး ဒေသတွင်းထိတွေ့ဆက်ဆံနေရတဲ့ ဝန်ထမ်းတွေကို စီမံခန့်ခွဲတာတွေ၊ ဝန်ထမ်းတွေရဲ့လုပ်ငန်းတာဝန်တွေကို တိတိကျကျသိစေဖို့ အတွက် အာဏာပိုင်တွေထံသို့ ပေးပို့မှာဖြစ်တယ်လို့ တရုတ်ပြည်တွင်းမီဒီယာ South China Morning Post က ဖော်ပြပါတယ်။ 

ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ၂၀၄၇ ခုနှစ်အထိပေးအပ်ဖို့ တရုတ်နိုင်ငံရဲ့ကတိ ကဝတ်ကို စောင့် ကြည့်ဖို့ရည်ရွယ်တဲ့ အစီရင်ခံစာတစ်စောင်ကို ဗြိတိန်က စက်တင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ဟောင်ကောင်အာဏာပိုင်တွေဟာ အမျိုးသားလုံခြုံရေးဥပဒေကို စိုးရိမ်မှုထက်ကျော်လွန်ပြီး အသုံးပြုနေတာလို့ အစီရင်ခံစာထဲမှာဖော်ပြီး Glory to Hong Kong ဆန္ဒပြမှုကို ဖြိုခွဲခြင်း၊ ရုံးတင်စစ်ဆေးခံနေရတဲ့ ဗြိတိန်နိုင်ငံသား ဂျင်မီလိုင်ကိုဖမ်းဆီးခြင်းတို့ကို အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ 

ဟောင်ကောင်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဗြိတိန်ရဲ့အစီရင်ခံစာဟာ မှားယွင်းနေပြီး တရုတ်ပြည်တွင်းရေးကို သက်သက်မဲ့ဝင်ရောက်စွက်ဖက်နေတာဖြစ်ပြီး အဲဒီလိုလုပ်ဆောင် နေတာ ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။ 

Ref: BBC News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.