မနီလာ – စက်တင်ဘာ(၁၅) 

တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေတဲ့ ဖိလစ်ပိုင်ဟာ ထိုင်ဝမ်အနီးမှာရှိတဲ့ လေဆိပ်နဲ့ ရေတပ် စခန်းတွေကို အဆင့်မြှင့်တင်ဖို့ အမေရိကန်ရဲ့ အကူအညီရယူဖို့ ရှိနေပါတယ်။

အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်ဟာ မြောက်ပိုင်း ကာဂါယန်ခရိုင်ဒေသန္တရမှာရှိတဲ့ ခါမီလို အိုဆိုင်းရပ်စ် ရေတပ်အခြေစိုက်စခန်းမှာရှိတဲ့ ဆိပ်ခံတံတားတည်ဆောက်ဖို့နဲ့ လေယာဉ် ကွင်းပြုပြင်ဖို့ အမေရိကန်ရဲ့ အကူအညီရယူလိုနေတာဖြစ်ပြီး အဲဒီစခန်းဟာ အမေရိကန် စစ်တပ် ဝင်ရောက်ခွင့်ရရှိထားတဲ့ နေရာအသစ်(၄)ခုထဲက(၁)ခုဖြစ်တယ်လို့ သိရပါတယ်။ 

လောင်စာဆီသိုလှောင်ရုံနဲ့ ကွပ်ကဲရေးစင်တာကိုလည်း ထိုင်ဝမ်အနီးက လာလိုလေဆိပ်မှာ ဆောက်လုပ်နေတယ်လို့ သိရပါတယ်။ 

 “ကျွန်ုပ်တို့က အတူတကွ ဘယ်လိုအကျိုးရှိရှိ လည်ပတ်ဆောင်ရွက်နိုင်မလဲဆိုတာကို ကြည့် တာတစ်ခုပဲမဟုတ်ပဲနဲ့ အနာဂတ်မှာဆောင်ရွက်သွားမယ့် အော်ပရေးရှင်းတွေအတွက် လည်း ကြည့်နေတာဖြစ်တယ်။ အဲ့ဒီလို အချက်အလက်တွေ အားလုံးကပဲ ကျွန်ုပ်တို့ ဘယ်စီမံကိန်းကို သေချာပေါက် အကောင်အထည်ဖော်မလဲဆိုတာကို ဆုံးဖြတ်ချက်ချမှတ်တဲ့အထဲမှာ ပါလာ နိုင်ပါတယ်” လို့ ဖိလစ်ပိုင်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ 

အမေရိကန်-ဖိလစ်ပိုင်(၂)နိုင်ငံတို့ဟာ ကာလရှည်လုံခြုံရေးမဟာမိတ်အဖြစ် ဆောင်ရွက်ထားနိုင် ပြီး ဖိလစ်ပိုင်ဟာ ဒီနှစ်အစောပိုင်းမှာ ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်နဲ့ သဘောတူညီချက်တွေ တိုးမြှင့်ထားတာပါ။ 

ဒါ့အပြင် အမေရိကန်ဟာ တောင်တရုတ်ပင်လယ်အရေး နယ်မြေအငြင်းပွားမှုတွေရှိနေတဲ့ ဖိလစ် ပိုင်မှာ လုပ်ငန်းဆိုဒ်တွေဆောင်ရွက်ဖို့အတွက် ကန်ဒေါ်လာ (၁၀၀) မီလျံအထိ ဘတ်ဂျက်ခွဲဝေ ပေးထားတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံကတော့ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ကြား စစ်ရေးတိုးမြှင့်ဆောင်ရွက်လာတာတွေကို ဆန့်ကျင့်ထားသလို မနီလာအခြေစိုက် တရုတ်သံအမတ်က အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ အခြေအနေကို ကြားဝင်နှောက်ယှက်မယ့် အခြေစိုက်စခန်းအသစ်တွေ ကတဆင့် အကျိုးရယူဖို့ ရှာဖွေနေတယ်လို့ ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာက The Enhanced Defense Cooperation Agreement (EDCA) လို့ခေါ်တဲ့ အမေရိကန်-ဖိလစ်ပိုင် စစ်ရေးဆိုဒ်တွေကို ကျူးကျော် စော်ကားတဲ့ လုပ်ရပ်တွေအတွက် အသုံးပြုမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။ 

Ref:Bloomberg

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.