ဘန်ကောက်၊ စက်တင်ဘာ(၁၅)

တရုတ်နဲ့ ကာဇက်စတန် နိုင်ငံတို့မှ ခရီးသွားတွေအနေဖြင့် အခုနှစ်အားလပ်ရက်ရာသီမှာ ထိုင်းနိုင်ငံသို့ ဗီဇာကန့်သတ်ချက်မရှိပဲ ဝင်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံးစီးပွားရေး ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံအနေနဲ့ ခရီးသွားကဏ္ဍကို မြှင့်တင်နေတာလည်း ဖြစ်ပါတယ်။ 

တရုတ်နဲ့ ကာဇက်စတန်ခရီးသွားတွေအနေနဲ့ အခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ အထိ ဗီဇာကင်းလွင့်ခွင့်ဖြင့်ထိုင်းနိုင်ငံကို ဝင်ရောက်နိုင်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ဆရီထာ သာဗီဇင်က အစိုးရအစည်းအဝေးအပြီး ဗုဒ္ဓဟူးနေ့မှာပဲ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

ဒီလိုဗီဇာကင်းလွတ်ခွင့် ယာယီသတ်မှတ်ချက်ဖြင့် ထပ်ဆောင်း ခရီးသွားဦးရေ ၅ သန်းအထိ ဆွဲဆောင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့လည်း ခရီးသွားလုပ်ငန်းဝန်ကြီးက ပြောကြားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်းမှာပင် ခရီးသွားဦးရေ ၁၈.၅ မီလီယမ်အထိ လက်ခံထားနိုင်ပြီး အများစုဖြစ် တဲ့၂၈ သန်းသော ခရီးသည်တွေဟာလည်း နှစ်ကုန်ပိုင်းမှာ ဝင်ရောက်လာနိုင်မယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့အထိ နိုင်ငံခြားသားခရီးသွားတွေထံကနေ အခွန်ငွေ ၇၇၅ ဘီလီယမ် အထိ ရရှိထားပြီးဖြစ်တယ်လို့လည်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြောကြားခဲ့တာပါ။ 

ကိုဗစ်မတိုင်ခင်မှာ တရုတ်နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို အဓိကလာရောက်ခဲ့သူတွေဖြစ်ပြီး ဒေသတွင်းခရီး သွားလုပ်ငန်းပြန်လည်ကုစားဖို့အတွက် အဲဒီနိုင်ငံသားတွေကို စဉ်းစားပေးခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကာဇက်စတန်နိုင်ငံမှ ခရီးသွားတွေကလည်း ထိုင်းနိုင်ငံကို များသထက်များတဲ့ ပမာဏ နဲ့ ဝင်ရောက် လာနေတယ်လို့ဆိုပါတယ်။ 

ကာဇက်စတန်မှာ ပြင်းထန်တဲ့ ဆောင်းရာသီဖြစ်ပေါ်နိုင်တဲ့ လာမယ့်လတွေအတွင်း အအေးဒဏ်ရှောင်ဖို့အတွက် ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်မှု သိသာစွာမြင့်တက်လာနိုင်ချေရှိနေတယ် လို့လည်း မစ္စတာ ဆာရီထာက ပြောကြားခဲ့တာပါ။

 နိုင်ငံအချို့က ခရီးသွားတွေအနေနဲ့ ငွေကုန်ကြေးကျများပြီး ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ်တွေကို ကြုံတွေ့ နေရတဲ့အတွက် ၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ခရီးသည်ဝင်ရောက်မှု စာရင်းဇယားကို နှောင့်နှေးစေတယ်လို့ လည်း ဝန်ကြီးချုပ်ကပြောကြားထားပါတယ်။

 နိုင်ငံရေးလောကသို့ မဝင်ခင် အမေရိကန်အခြေစိုက် ဟိုတယ်အော်ပရေတာ Standard International ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ အိမ်ခြံမြေသူဌေးကြီး မစ္စတာဆာရီထာက ဗီဇာကင်းလွတ်ခွင့်ရှိတဲ့ နိုင်ငံစာရင်းကို တိုးချဲ့ပြီး နိုင်ငံတကာ ခရီးသွားအများစုအတွက် နေထိုင်ခွင့်ကန့်သတ်ချက်တွေကိုလည်း တိုးမြှင့်စေချင်တယ်လို့ ပြော ကြားခဲ့ပါတယ်။ 

သြဂုတ်လထဲမှာပဲ မစ္စတာဆာရီထာအနေနဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ အစပျိုးလုပ်ဆောင်မှုတွေအနေနဲ့ လေကြောင်းလိုင်းတွေက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တာပါ။ 

နိုင်ငံအတွင်း လည်ပတ်နေတဲ့ လေဆိပ်ခြောက်ခုကို ခရီးသွားအများအပြားဝင်ရောက်မယ့် ရာသီနဲ့ လိုက်လျော ညီထွေဖြစ်စေဖို့ ပျံသန်းမှုစွမ်းရည် ၂၀ ရာခိုင်နှုန်း တိုးမြှင့်ဖို့လည်း ရည်မှန်းထားပါတယ်။

 ၂၀၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံသို့ လာရောက်တဲ့ဧည့်သည် သန်း ၄၀နှုန်းဖြင့် စံချိန်တင်ဖို့ ရည်မှန်းထားကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Chai Watcharong က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

 ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်မှာ ထိုင်းနိုင်ငံသို့ ခရီးသွားအရေအတွက် သန်း ၄၀ နီးပါးဝင်ရောက်ခဲ့ပြီး အဲဒီ ပမာဏရဲ့ သုံးပုံတစ်ပုံနီးပါးဟာလည်း တရုတ်ခရီးသွားတွေဖြစ်တယ်လို့ သိရပါတယ်။

 Ref; BLOOMBERG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.