စစ်ကိုင်း၊ စက်တင်ဘာ(၈)

ကျောင်းသားလက်ရုံးတပ်တော် တပ်စုမှူး ရဲဘော်သောမတ်စ်ဟာ စစ်ကိုင်းတိုင်းမှာ တော်လှန်ရေး တာဝန်တွေ ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတယ်လို့ SAF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၆) ရက်နေ့က တပ်စုမှူးသောမတ်စ်ဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီးက တိုက်ပွဲမှာ အသက်ပေးလှူခဲ့ရတာပါ။

ကျောင်းသားလက်ရုံးတပ်တော် တပ်စုမှူး သောမတ်စ်ဟာ ရေကျောင်းတက္ကသိုလ်စတုတ္ထနှစ်(Nautical Science Major)ကျောင်းသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

“တော်လှန်သော ကျောင်းသားပြည်သူလူထုအနေနဲ့လည်း ကျဆုံးသွားသူရဲ့ အသက်၊သွေး၊ချွေး ပေးဆပ်မှုတို့ကို ထောက်ရှုလျက် စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ နိုင်ငံတော်သစ်တရပ် အောင်မြင်စွာ ထူထောင်နိုင်ရေးတို့မှာ စွမ်းစွမ်းတမံ ပါဝင်အားဖြည့်ကြဖို့” မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ရဲဘော်သောမတ်စ် ကျဆုံးခဲ့တာနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားပါတယ်။

သူဟာ စစ်ကောင်စီလက်အတွင်း ကျရောက်ဖမ်းဆီးခံခဲ့ရပေမယ့် နောက်ဆုံးအချိန်ထိ ခုခံကာကွယ်ရင်း တော်လှန်ရေးအတွက် အသက်ပေးလှူသွားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်က ပေးအပ်ထားတဲ့ အမိန့်နဲ့ တာဝန်တွေကို မမှိတ်မသုတ် ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ ရဲဘော်သောမတ်စ် ကျဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး လေးမြတ်စွာ ဦးညွှတ်အလေးပြုတယ်လို့လည်း SAF က အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – SAF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.