ဖာပွန်၊ စက်တင်ဘာ(၈)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးပြီး ဝန်ထမ်း နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ကမမောင်းထွေအုပ်ရုံးမှာ အစည်းအဝေး ပြုလုပ်နေချိန် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၃ လုံးချပြီး တိုက်ခိုက်ခဲ့ပါတယ်။

ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုမှာ ဗုံးသီးတွေဟာ ထွေအုပ်ရုံးအရှေ့အနီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရုံးအရှေ့မှာရှိနေတဲ့ အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဟာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တာပါ။

ဒရုန်းတိုက်ခိုက်မှုအတွင်း ထွေအုပ်ဝန်ထမ်းနှစ်ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့ပြီး ရုံးအဆောက်အဦးတချို့ထိ ခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ကမမောင်းထွေအုပ်ရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဖွဲ့ လာရောက် စစ်ဆေးတာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ မြဝတီခရိုင်ထွေအုပ်ရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၉ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က အတည်ပြုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.