September 8, 2023

ယူကရိန်းစစ်ပွဲအတွင်း ရုရှားနှင့်အတူ တိုက်ပွဲဝင်ဖို့ လူငယ်တွေကို လူကုန်ကူးခဲ့သူ ၁၇ ဦးကို ကျူးဘား ဖမ်းဆီး

ကိဗ်၊ စက်တင်ဘာ(၉) ယူကရိန်းပဋိပက္ခအတွင်း ကျူးဘားလူငယ်တွေကို ရုရှားစစ်တပ်မှာ တာဝန်ထမ်းဖို့ ဆွဲဆောင်ခဲ့တဲ့ လူကုန်ကူးသူ (၁၇) ဦးကို ဖမ်းဆီးထားတယ်လို့ ကျူးဘားအာဏာပိုင်တွေက ပြောပါတယ်။ ကျူးဘားဟာ သူ့ရဲ့မြေပေါ်မှာသာမက ရုရှားနိုင်ငံမှာပါ လုပ်ဆောင်နေတဲ့ ကွန်ရက်ကို ပျက်ပြယ်အောင် ဖြို ဖျက်ဖို့ လုပ်ဆောင်နေကြောင်း အခုသီတင်းပတ်အစောပိုင်းမှာ အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “စုံစမ်းစစ်ဆေးမှုတွေရဲ့ ရလဒ်အနေနဲ့ အခုအချိန်အထိ ကျူးလွန်သူ (၁၇)…

ဖိလစ်ပိုင်မှာ စားနပ်ရိက္ခာဖူလှုံဖို့ ဗီယက်နမ်နဲ့ (၅) နှစ်ကြာ ဆန်စပါးတင်သွင်းရေး သဘောတူ

မနီလာ – စက်တင်ဘာ(၉) ဆန်စျေးနှုန်းမြင့်တက်လာချိန်မှာ နိုင်ငံအတွင်း စားနပ်ရိက္ခာလုံခြုံရေးကို သေချာနိုင်စေဖို့ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်အစိုးရတို့ဟာ (၅)နှစ်စာ ဆန်စပါး ကုန်သွယ်ရေး သဘောတူညီမှုကို ရေးဆွဲနေကြပြီဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကြေညာချက်မှာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ ဖိလစ်ပိုင် သမ္မတတို့ရဲ့ အာဆီယံထိပ်သီးအစည်းအဝေးပြင်ပတွေ့ဆုံမှုနောက်ဆက်တွဲအဖြစ် ထွက်ပေါ် လာတာပါ။ “ကျွန်ုပ်တို့ ၂ နိုင်ငံအနေဖြင့် ဖိလစ်နိုင်ငံအတွင်းမှာ စားနပ်ရိက္ခာလုံခြုံ‌ရေးကို သေချာစေဖို့…

ဒေလီမှာ G-20 ထိပ်သီးအစည်းအဝေးအတွက် ကန့်သတ်ချက်တွေကြောင့် ကျောင်းနဲ့ စျေးတွေ ပိတ်ထားရ

နယူးဒေလီ – စက်တင်ဘာ(၉) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ G-20 ထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေး ဝန်ထမ်း ထောင် ပေါင်းများစွာ ချထားတာကြောင့် ကျောင်းနဲ့ စျေးတာတွေအပါအဝင် သွားလာမှု ကန့်သတ်ထား တာကြောင့် မြို့တော်ဟာ စက်တင်ဘာလ(၈) ရက်နေ့မှာ ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ(၇) ရက်နေ့ညသန်းခေါင်ကစပြီး တရားဝင်ကန့်သတ်မှုတွေ အသက်ဝင်ခဲ့တာ ဖြစ်ကာ (၈) ရက်နေ့ မနက်ပိုင်းမှာ…

စစ်ကောင်စီ မွန်ဝန်ကြီးချုပ် တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ထားတဲ့ သထုံ PNO ရုံး မိုင်းခွဲခံရ

သထုံ – စက်တင်ဘာ(၈) စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတို့အဖွဲ့ ဒေသခံတွေနဲ့ တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ထားတဲ့ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရုံးကို စက်တင်ဘာ ၈ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံယူထားစဉ်…

PDF ပြည်သူ့သားကောင်းများ ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်

မော်လမြိုင် – စက်တင်ဘာ(၈) အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့သားကောင်းတွေကို ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ်ပြည့် ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ခဲ့တယ်လို့ MOD ကသတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ စက်တင်ဘာလ(၈) ရက်နေ့ မနက်ပိုင်းက အွန်လိုင်းပလက်ဖောင်း ကနေ ဂုဏ်ပြုပွဲ အခမ်းအနားပြုလုပ်ခဲ့တာပါ။ အခမ်းနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်နဲ့ နွေဦးတော်လှန်ရေး အပါအဝင် ခေတ်အဆက်ဆက် တော်လှန်ရေးမှာ…

ကျောင်းသားလက်ရုံးတပ်တော် တပ်စုမှူး ရဲဘော်သောမတ်စ် ကျဆုံး

စစ်ကိုင်း၊ စက်တင်ဘာ(၈) ကျောင်းသားလက်ရုံးတပ်တော် တပ်စုမှူး ရဲဘော်သောမတ်စ်ဟာ စစ်ကိုင်းတိုင်းမှာ တော်လှန်ရေး တာဝန်တွေ ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတယ်လို့ SAF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၆) ရက်နေ့က တပ်စုမှူးသောမတ်စ်ဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီးက တိုက်ပွဲမှာ အသက်ပေးလှူခဲ့ရတာပါ။ ကျောင်းသားလက်ရုံးတပ်တော် တပ်စုမှူး သောမတ်စ်ဟာ ရေကျောင်းတက္ကသိုလ်စတုတ္ထနှစ်(Nautical Science Major)ကျောင်းသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ “တော်လှန်သော ကျောင်းသားပြည်သူလူထုအနေနဲ့လည်း…

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံး

တနင်္သာရီ၊ စက်တင်ဘာ(၈) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ အော်ကြီးကျေးရွာအနီးမှာ စစ်ကောင်စီ ကားတစ်စီးနဲ့ခြေလျင်စစ်ကြောင်းတို့ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ တိုင်း(ပကဖ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၆ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်က တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၅၆၆) ခြေမြန်တပ်ရင်းကနေ ထွက်လာတဲ့ ဗွီဂိုစစ်ကားတစ်စီးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။…

မြန်မာ့နိုင်ငံ ရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောနဲ့ဆက်သွယ်မေးမြန်းချက်

“စစ်ကောင်စီက သူတို့ယူထားတဲ့ စီးပွားရေးအခွင့်ထူးခံတွေ၊ အုပ်ချုပ်ရေးအခွင့်ထူးခံတွေကို သူတို့မနိုင်တော့ဘူး။ ကြာလေပိုပြီးပရမ်းပတာ ဖြစ်လေ၊ မနိုင်မနင်းဖြစ်လေလိုပဲ မြင်ပါတယ် ” အာဏာသိမ်း စစ်အုပ်စုရဲ့ မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံတော် အာဏာသိမ်းယူမှုကြောင့် ပေါ် ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဟာ အခုဆိုရင် ၃ နှစ်ထဲ ရောက်ရှိလာပြီး ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ အတိုက်ခံတော်လှန်ရေးအင်အားစုတွေဟာ စစ်အုပ်စုကို စစ်ရေး၊ နိုင်ငံရေးအပြင် သံတမန်ရေးရာ…