မော်လမြိုင်၊ စက်တင်ဘာ(၂)

မွန်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီ(MUP) ဟာ ကရင်ပြည်နယ်အတွက် မွန်တိုးတက်ရေးပါတီအမည်နဲ့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်တင်ခွင့် လျှောက်တင်ထားတယ်လို့ ပါတီနဲ့နီးစပ်သူတွေကနေ သိရပါတယ်။

မွန်ပြည်နယ်အဆင့် မှတ်ပုံတင်ခွင့်လျှောက်တင်ထားတဲ့ မွန်ညီညွှတ်ရေးပါတီ(MUP)ဟာ စစ်ကောင်စီ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရာမှာ ကရင်ပြည်နယ်မှာလည်း ဝင်ပြိုင်နိုင်ဖို့အတွက် မွန်တိုးတက်ရေးပါတီအမည်နဲ့ မှတ်ပုံတင်ထပ်တင်ခဲ့တာပါ။

မွန်တိုးတက်ရေးပါတီအမည်နဲ့ ပါတီမှတ်ပုံတင်ခွင့် လာလျှောက်ထားမှုကို ဆက်လက်စိစစ်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲက သြဂုတ် ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မွန်နိုင်ငံရေးပါတီတွေထဲမှာ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီဆက် လက်တည်ထောင်ခွင့်အတွက် လာရောက်လျှောက်ထားခဲ့ကြတဲ့ မွန်ညီညွတ်ရေးပါတီနဲ့ အမျိုးသမီးပါတီ (မွန်)နိုင်ငံရေးပါတီတို့ ရှိနေတာပါ။

အဲဒီနိုင်ငံရေးပါတီနှစ်ခုထဲက အမျိုးသမီးပါတီ (မွန်) ကတော့ ပြည်ထောင်စုတဝန်းစည်းရုံးမယ့် ပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်ကနေ ပါတီမှတ်ပုံတင်ခွင့် ကျလာပေမယ့် ပြည်နယ်အတွင်း စည်းရုံးမယ့်ပါတီအဖြစ် လျှောက်ထားတဲ့ မွန်ညီညွတ်ရေးပါတီကတော့ အခုထိပါတီမှတ်ပုံတင်ခွင့် မကျသေးပါဘူး။

မွန်ညီညွတ်ရေးပါတီဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပါတီကိုယ်စားလှယ်နှစ်ဦးဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုးနဲ့ နိုင်လယိတမတို့ကို စစ်ကောင်စီထံ စေလွှတ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.