ပြုံယမ်း – စက်တင်ဘာ(၃) 

မြောက်ကိုရီးယားနိုင်ငံဟာ စက်တင်ဘာလအစောပိုင်းမှာ ပင်လယ်ဝါဆီကို ခရုဇ်ဒုံးကျည် အမြောက်အများ ထပ်မံပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

ဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို တောင်ကိုရီးယားနဲ့ အမေရိကန်ထောက်လှမ်းရေးတာဝန်ရှိသူတွေက ခွဲခြမ်းစိတ်ဖြာထားတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ 

ပြီးခဲ့တဲ့လနှောင်းပိုင်းက နိုင်ငံရဲ့ အဓိက နိုင်ငံရေးပါတီတွေရဲ့ ဝေဖန်မှုတွေထွက်ပေါ်လာစေတဲ့ မအောင်မြင်ခဲ့တဲ့ ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်မှု အပါအဝင် မြောက်ကိုရီးယားက မကြာ သေးခင်က ပြုလုပ်ခဲ့တဲ့ ဒုံးကျည်စမ်းသပ်မှုတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေရဲ့ နောက်ဆုံးဖြစ်တယ် လို့သိရပါတယ်။ 

“ဒါဟာ ကိုရီးယားကျွန်းဆွယ်၏ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ရန်လိုတဲ့ လုပ်ရပ်တစ်ခုပါ” လို့ တောင်ကိုးရီးယားအာဏာရပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ 

မြောက်ကိုရီးယား၊ နိုင်ငံပိုင်မီဒီယာ KCNA က ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာတော့ ဂျပန်ရဲ့ တာဝေးပစ်ဒုံးကျည်တွေ တီထွင်ထုတ်လုပ်တာကြောင့် ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာ တာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက စွပ်စွဲထားပြီး ဒုံးကျည်ပစ်လွှတ်မှုကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

ဂျပန်နဲ့ အမေရိကန်တို့ဟာ တရုတ်၊ရုရှားနဲ့ မြောက်ကိုရီးယားတို့ တီထွင်နေတဲ့ အသံထက်မြန်တဲ့ ဒုံးကျည်ထိပ်ဖူးတွေကို တုံ့ပြန်ဖို့ ကြားဖြတ်ဒုံးကျည်ကို မကြာခင် ပူးတွဲတီထွင်ဖို့ သဘောတူညီ ဖွယ်ရှိတယ်လို့ ဂျပန်သတင်းစာတစ်ခုက ပြီးခဲ့တဲ့ လက ဆိုထားပါတယ်။ 

ပြီးခဲ့တဲ့လက ပြုံယမ်းရဲ့ အာကာသဒုံးပျံလွှတ်တင်မှုကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားက လူပုဂ္ဂိုလ်(၅) ဦးနဲ့ ကုမ္ပဏီတစ်ခုကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တယ်လို့ စက်တင်ဘာလ(၁) ရက်နေ့မှာ တောင်ကိုရီးယားက ကြေညာထားပါတယ်။ 

ပြုံယမ်းဟာ တောင်ကိုရီးယားနိုင်ငံတစ်ဝှမ်းက ပစ်မှတ်တွေကို ပုံစံတူ မြေလှန်စနစ်နဲ့ နျူကလီး ယား တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာ KCNA က ဖော်ပြခဲ့ပါသေးတယ်။ 

Ulchi Freedom Shield လို့ခေါ်တဲ့ တောင်ကိုးရီးယားနဲ့ အမေရိကန်တို့ရဲ့ နှစ်စဉ်နွေရာသီ စစ်ရေး လေ့ကျင့်မှုဟာ B-1B ဗုံးကြဲလေယာဉ်တွေနဲ့ (၁၁) ရက်ကြာ လေ့ကျင့်မှုတွေ ပြုလုပ်ပြီးနောက် လွန်ခဲ့တဲ့ ရက်ပိုင်းမှာ ပြီးမြောက်ခဲ့တာပါ။

စစ်ရေးလေ့ကျင့်မှုအပြီး နာရီအနည်းငယ်အကြာမှာဘဲ မြောက်ကိုရီးယားက လက်တုံ့ပြန်တဲ့ အနေနဲ့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ကာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲ လေယာဉ်တွေ ဖြန့်ကျက်ချထားတာကို ကန့်ကွက်ခဲ့သလို စစ်ရေးလေ့ကျင့်မှုဟာလည်း တကယ့် စစ်ပွဲအတွက် အစမ်းလေ့ကျင့်မှုအဖြစ် ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.