မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊ အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ပလမြို့တွင် အရပ်သားပြည်သူများ၏ နေအိမ်များကိုPDF များက ဩဂုတ် (၁၅)ရက်တွင် မီးရှို့ဖျက်ဆီး” ဆိုတဲ့အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို PANနဲ့ ဘညွန့် ၊Han Nyein Oo တယ်လီဂရမ် ချန်နယ်တွေမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလရဲစခန်းက လက်နက်ကြီးဖြင့် ဩဂုတ်လ ၁၅ ရက် နံနက် ၉ နာရီခွဲဝန်းကျင်က စတင်ပြီး အနီးအနား ကျေးရွာများဖြစ်တဲ့ ဇရပ်ဆိပ်ရွာ၊ ဘိုင်းပြင်ရွာများဖက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း လွတ်လတ်သော သတင်းဌာနများက ဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

သြဂုတ်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့အထိ ပလမြို့၊သင်္ဃန်းတောရွာနဲ့ အမှတ် ၁ ရပ်ကွက်အတွင်းကို မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလရဲစခန်းက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်ဟု လွတ်လတ်သော သတင်းဌာနများရဲ့ ဖော်ပြချက်အရ စိစစ်တွေ့ရှိရပါတယ်။

လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ ကျေးရွာအတွင်းက အရပ်သားနှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုချက်ကို RFAသတင်းဌာနက ရေးသားထားတာကို စိစစ်တွေ့ရှိရပါတယ်။

သြဂုတ်လ ၁၇ ရက်မှာလည်း ပလမြို့အဝင်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်လို့ အမျိုးသားသုံးဉီး ဒဏ်ရာရရှိခဲ့ပြီး သြဂုတ်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာတော့ ပလမြို့၊ သင်္ဃန်းတော ရွာနဲ့အမှတ် ၁ ရပ်ကွက်အတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်လို့ သိရပါတယ်။

အဆိုပါဓာတ်ပုံမှတ်တမ်းများကို စစ်တပ်ထောက်ခံသူ အကောင့်တွေက တယ်လီဂရမ်ချန်နယ်တွေမှာ လိုရာဆွဲရေးသားကာ ဖြန့်ဝေနေတဲ့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

RFAသတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/uvEGR

Dawei watch တင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/bctIW

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “တနင်္သာရီ တိုင်း၊ ပုလောမြို့နယ်၊ပလမြို့တွင် အရပ်သားပြည်သူ များ၏ နေအိမ်များကိုPDF များက ဩဂုတ် (၁၅)ရက်တွင် မီးရှို့ဖျက်ဆီးဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.