ဝါရှင်တန် – စက်တင်ဘာ(၃) 

တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေရဲ့ မိတ်ဖက်ဆက်ဆံရေးကြောင့် စိုးရိမ်မှုတွေ မြင့်တက်စေပြီး ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပနဲ့ ပစိဖိတ်တို့ကို အကြီးစားခြိမ်းခြောက်မှုဖြစ်ပေါ်စေတာ မျိုး မမြင်ဖူးခဲ့ဘူးလို့ ကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ဥက္ကဋ္ဌက ပြောပါတယ်။

အဲဒီနိုင်ငံတွေရဲ့ သမ္မတနှစ်ဦး မဟာမိတ်ပြုမှုက ဖြစ်ပေါ်လာတဲ့ ယှဉ်ပြိုင်မှာအတွင်း လွတ်လပ် သော ကမ္ဘာကြီးအတွက် စိန်ခေါ်မှုတွေဖြစ်စေတယ်လို့ နိုင်ငံခြားရေးရာ ဥက္ကဋ္ဌက ဆွီဒင်နိုင်ငံကို အလည်အပတ်ရောက်ရှိချိန်မှာ ပြောခဲ့တာပါ။

ယူကရိန်းနိုင်ငံကို ရုရှားရဲ့ ကျူးကျော်စစ်နဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ သတ်မှတ်ဖော်ပြချက် မရှိတဲ့ အကျိုးဆက်တွေကိုလည်း အမေရိကန်က သတိပေးထားတယ်လို့ သိရပါတယ်။

အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတွေအရ တရုတ်ဟာ ယူကရိန်းစစ်ရေးအသုံးချမှု အပိုင်းတွေမှာ အသုံးပြုတဲ့ ကိရိယာတွေကို ထောက်ပံ့ပေးထားတယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် တရုတ်အစိုးရပိုင် စစ်ဘက်ဆိုင်ရာ ကန်ထရိုက်တာတွေဟာ စစ်သုံးနဲ့ တခြားကုန်ပစ္စည်း တွေကို ထောက်ပံ့ပေးထားတယ်လို့ ဖော်ပြထားတဲ့ ရုရှားအကောက်ခွန် ဒေတာကိုလည်း အစီရင်ခံ စာမှာ ဖော်ပြထားပါတယ်။

အမေရိကန်၊ဥရောပနဲ့ ဂျပန်နိုင်ငံတို့က ရုရှားဆီက စွမ်းအင်ဝယ်ယူရေး ရပ်တန့်လိုက်ချိန်မှာ တရုတ်ဟာ ရုရှားဆီက လောင်စာနဲ့ ဓာတ်ငွေ့တွေကို အပြန်အလှန်ဝယ်ယူတာတွေပြုလုပ်နေတာ ပါ။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ခွင့်ပြုချက်မရရှိထားတြ့ ရုရှားအပေါ် အနောက်နိုင်ငံတွေရဲ့ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကို တရုတ်က ပယ်ချထားသလို ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း တိုက်ရိုက်ဖီဆန်တာက ရှောင်ရှားလိုနေတယ်လို့ သိရပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ရဲ့ ဥရောပ ခရီးစဉ်ဟာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် မဟာ မိတ်တွေနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့အပြင် နေတိုးအတွက်အထောက်အပံ့တွေရရှိရေးဆွေးနွေးဖို့ လည်းရှိတယ်လို့ သိရပါတယ်။

အဲဒီအခြေအနေဟာ ယူကရိန်းကို ပိုမို ပံ့ပိုးကူညီမယ့် နယ်သာလန်နဲ့ ဒိန်းမတ်တို့ရဲ့ တိုက် လေယာဉ် လှူဒါန်းဖို့ကိစ္စ၊ယူကရိန်းပြည်သူတွေအပေါ် ရာဇဝတ်မှုတွေအတွက် ရုရှားက တာဝန်ယူဖို့ နည်းလမ်းတွေနဲ့ တရုတ်နိုင်ငံ ရဲ့ မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားကြဖို့ ရှိတယ်လို့ သိရပါတယ်။ 

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.