F-16 ယူကရိန်းလေယာဉ်မှူးတွေကို အမေရိကန်က စက်တင်ဘာလမှာ စတင်လေ့ကျင့်ပေးမယ်
ဝါရှင်တန် – ဩဂုတ်(၂၆) ယူကရိန်းလေယာဉ်မှူးတွေရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို အမေရိကန်မှာ လာမယ့်စက်တင်ဘာလ မှာ စတင်မှာဖြစ်ပြီး သူတို့ဟာ ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် အဆင့်မြင့်လေယာဉ်တွေ ကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောခဲ့ပါတယ်။ ရုရှားကျူးကျော်စစ်ကို ပိုမိုထိရောက်စွာ တိုကခိုက်ဖို့အတွက် ယူကရိန်ဟာ ခေတ်မီဆန်းသစ်တဲ့ တိုက်လေယာဉ်တွေကို အချိန်အတော်ကြာရှာဖွေနေသလို ရုရှားတပ်တွေထိန်းချုပ်ထားတဲ့ နယ် မြေတွေကိုလည်း ပြန်လည်ရယူဖို့ တန်ပြန်ထိုးစစ်လုပ်ဆောင်နေတာပါ။…