August 2023

ညောင်လေးပင်မှာ လက်နက်ကြီးကျလို့ အရပ်သား ၄ ဦး ဒဏ်ရာရ

ညောင်လေးပင်၊ သြဂုတ်(၂၉) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်က မုန်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေ မြန်တပ်ရင်း ခမရ(၄၃၉)တပ်ရင်းကနေ လက်နက်ကြီး…

စစ်အာဏာသိမ်း (၉၃၉)ရက်အတွင်း သတ်ဖြတ်ခံရသူ ၄၀၀၉ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၂၉) AAPP ရဲ့ သြဂုတ်(၂၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၃၉)ရက်အတွင်း ပြည်သူ (၄၀၀၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၄၆၉ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၁၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းတွေကို ဝင်ငွေခွန်ကောက်မယ်လို့ စစ်ကောင်စီပြော

နေပြည်တော်၊ သြဂုတ်(၂၉) ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေကို လာမယ့်စက်တင်ဘာ ၁ ရက်နေ့ကစပြီး ရရှိတဲ့လစာငွေအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း စတင်ကောက်ခံသွားမယ်လို့ စစ်ကောင်စီ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။ သြဂုတ် ၂၅ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ အဲဒီညွှန်ကြားစာမှာတာ့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေကို အခကြေးငွေပေးချေရာမှာ ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာ ရေးလုပ်ငန်းတွေက ဝင်ငွေခွန် ၂…

တီမောသံတမန်ကိုနှင်ထုတ်တဲ့ စစ်ကောင်စီလုပ်ရပ် ဥပဒေမဲ့ပြုကျင့်မှုလို့ NUG ဝေဖန်

ရန်ကုန်၊ သြဂုတ်(၂၉) တီမောလက်စ်တေသံတမန်ကို မြန်မာနိုင်ငံကနေ ထွက်ခွာဖို့နှင်ထုတ်တဲ့ စစ်ကောင်စီလုပ်ရပ်ဟာ ပြုမူနေကျ မလျော်ကန်တဲ့ ဥပဒေမဲ့ပြုကျင့်မှုသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဩဂုတ် ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ NUG ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတော်ရဲ့အာဏာကို ဥပဒေဘောင်ပြင်ပကနေ လက်နက်အားကိုးနဲ့ အဓမ္မရယူထားတဲ့ တရားမဝင်အဖွဲ့အစည်းအနေနဲ့ နိုင်ငံတကာ သံတမန်ဆက်ဆံရေးကိစ္စရပ်တွေအပေါ် ဆုံးဖြတ်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီဟာ…

စားဝတ်နေရေးကျပ်တည်းနေတဲ့ ယာဒိုဒေသစစ်ရှောင်တွေကို ကူညီပေးဖို့မေတ္တာရပ်ခံ

သံတောင်ကြီး၊ သြဂုတ်(၂၉) KNU တပ်မဟာ(၂)နယ်မြေ ယာဒိုဒေသထဲမှာ တိုက်ပွဲကြောင့် တစ်လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိမှာ စားဝတ်နေရေး ပိုမိုကျပ်တည်းလာတာကြောင့် ကူညီပေးကြဖို့ စစ်ရှောင်အရေးကူညီနေသူတွေက မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။ KNU တောင်ငူခရိုင်၊ တပ်မဟာ(၂)နယ်မြေ သံတောင်ကြီးမြို့နယ်၊ ယာဒိုဒေသထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု…

ကျိုက်ထိုမှာ တိုက်ခိုက်ခံရတဲ့စစ်တပ် လမ်းတလျှောက်ရမ်းသမ်းပစ်ခတ်သွားလို့ အရပ်သား ၃ ဦး ဒဏ်ရာရ

ကျိုက်ထို၊ သြဂုတ်(၂၉) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ရဲ့ လမ်းတလျှောက် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ကျိုက်ထိုကနေ ပဲခူးတိုင်းထဲမောင်းဝင်လာတဲ့ ကား ၆ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊…

ဒ.က.စမှူး ဗိုလ်မှူးချုပ် မြတ်မင်းမိုးရဲ့ တပ်ပြောင်း ပစ္စည်းတွေ ဖမ်းဆီးရမိ

ထီးချိုင့် – ဩဂုတ်(၂၈) စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကုန်ကားတွေကို စစ်ဆေးနေချိန် မှာ ယာဉ်အမှတ် 6B-54571 နဲ့ လွိုင်ကော်ကနေ တနိုင်းကို တပ်ပြောင်းရွှေ့လာတဲ့ စစ်ကောင်စီ ဗိုလ်မှူးချုပ် မြတ်မင်းမိုးရဲ့ တပ်သုံးပစ္စည်းတွေနဲ့ အိထောင်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ၊ ကသာခရိုင်ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထီးချိုင့်-ပ.က.ဖ)…

မွန်တော်လှန်ရေးနေ့ကို ကြိုဆိုတဲ့အနေနဲ့ ရေးမြို့ကစစ်တပ်ဌာနချုပ်ကို မဟာမိတ်တပ်တိုက်ခိုက်

ရေး ၊ ဩဂုတ် ၂၈ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ – ၁၉ နဲ့ ခလရ – ၆၁ တို့ကို ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ မောင်းသူမဲ့ SF-Z လေယာဉ်အငယ်စားနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုပြီးနောက်…

ဂန့်ဂေါခရိုင် အမှတ်(၁၃) တပ်ရင်းရဲဘော်တွေ တွေ့ဆုံပွဲပြုလုပ်

ဂန့်ဂေါ – ဩဂုတ်(၂၈) ပြည်သူ့သာကွယ်ရေးတပ်မတော်၊အမှတ်(၁) စစ်ဒေသ ဂန့်ဂေါခရိုင်အမှတ်(၁၃) တပ်ရင်း တပ်ဖွဲ့ဝင် ရဲဘော်တွေရဲ့ တွေ့ဆုံပွဲကို ပြီးခဲ့တဲ့ ဩဂုတ်လ(၂၇) ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ မကွေးတိုင်းကွပ်ကဲရေးရုံးက တာဝန်ပေးအပ်ထားတဲ့ တာဝန်ရှိသူတစ်ဦးလည်း အခမ်းအနားကို တက်ရောက်ခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ကြမယ့်လုပ်ငန်းတွေကို ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ – CJ

တီမောအစိုးရလို နိုင်ငံတကာအစိုးရတွေ မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးဖို့ NUG တောင်းဆို

မော်လမြိုင် – ဩဂုတ်(၂၈) နိုင်ငံတကာအသိုင်းအဝိုင်းက အစိုးရအသီးသီးအနေနဲ့ တီမောလက်စတေးနိုင်ငံလို မြန်မာပြည်သူ လူထုနဲ့အတူ ရပ်တည်ပေးပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး အတွက် ကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးကြဖို့ NUG အစိုးရက မေတ္တာရပ်ခံထားပါတယ်။ ဒီမိုကရေစီအခြေခံမူတွေ လူ့အခွင့်အရေးစံတန်ဘိုးတွေနဲ့ လူသားချင်းစာနာထောက်ထားမှုတွေကို လေးစားတန်ဖိုးထားတဲ့ အစိုးရတွေအနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြဖို့ ဒီနေ့ရက်စွဲနဲ့ NUG ကတောင်းဆိုထားတာပါ။ အာဏာသိမ်းစစ်ကောင်စီက…