August 2023

သံလွင်တံတား(မော်လမြိုင်) ပေါ်က သံဃာတစ်ပါး ခုန်ချ

မော်လမြိုင် – ဩဂုတ်(၂) မွန်ပြည်နယ်၊သံလွင်တံတား(မော်လမြိုင်) ပေါ်ကနေ သံဃာတော်တစ်ပါး သံလွင်မြစ်ထဲ ခုန်ချမှု ဖြစ်ပွားခဲ့တယ်လို့ မော်လမြိုင်အခြေစိုက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ဩဂုတ်လ(၂) ရက် မနက်(၁၁) နာရီဝန်းကျင်းက ပေါင်မြို့နယ်၊ မုတ္တမမြို့၊ ရွှေရင်အေးကျောင်းက ဥူးအာစိန္တနဲ့ ကိုရင်ကြီး ဥူးကောသလ္လ(ခ) ဦးကံဖန်တို့နှစ်ပါးဟာ သုံးဘီးယာဉ်နဲ့ မော်လမြိုင်မြို့ကို ဆေးရုံလာပြချိန်မှာ ကိုရင်ကြီး ဥူးကောသလ္လဟာ…

စစ်အာဏာသိမ်း (၉၁၂)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၈၆၁ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၂) AAPP ရဲ့ သြဂုတ်(၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၁၂)ရက်အတွင်း ပြည်သူ (၃၈၆၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၁၃၀ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၄၁၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင်လည်း မူဝါဒမပြောင်းဘူးလို့ NUG ပြော

ရန်ကုန်၊ သြဂုတ်(၂) မတရားဖမ်းဆီး အကျဉ်းကျခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင်လည်း မူဝါဒပြောင်းလဲသွားမှာမဟုတ်ဘဲ ပြည်သူလူထုဆန္ဒအတိုင်း ရပ်တည်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအပေါ် ဇူလိုင် ၃၁ ရက်နေ့ ညနေ ၄ နာရီအချိန်က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ရဲ့ အထူးအစည်းအဝေးအတွင်း…

“ငွေကြေးအပေါ် ယုံကြည်မှုကျဆင်းသွားလို့ လုပ်ငန်းအကြီးရော အသေးရော ခေါင်းရွက်ဗျပ်ထိုးဈေးသည်ကနေ ပွဲရုံကြီးအထိ ခရိုနီအထိသက်ရောက်မှု ဖြစ်သွားတယ်ပေါ့”

အာဏာသိမ်းစစ်ကောင်စီက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပြီးစီးမှုနဲ့ ဆင်ဖြူတော် ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ်ကို ဇူလိုင် ၃၁ ရက်နေ့ကစပြီး စတင်ထုတ်ဝေနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူအသစ် ထုတ်မယ်ဆိုတဲ့ သတင်းကြောင့် ရွှေ၊ ဒေါ်လာ အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ချက်ချင်းဆိုသလို ခုန်တက်လာခဲ့ပြီး ဈေးကွက်ပျက်တဲ့အထိ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။…

ဘီးလင်းမှာ တစ်ပတ်အတွင်း ရွှေဆိုင်လုပ်ငန်းရှင်အပါအဝင် ၁၀ ဦးနီးပါး ဖမ်းဆီးခံရ

ဘီးလင်း၊ သြဂုတ်(၂) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ရွှေဆိုင်လုပ်ငန်းရှင်နဲ့CDM ဆရာမတွေ အပါအဝင် ၁၀ ဦးနီးပါး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်နောက်ဆုံးအပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေဟာ ဘီးလင်းမြို့ အမှတ် ၈ ရပ်ကွက်၊ ဆရာစံရပ်ကွက်နဲ့ တောင်စွန်းကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာက ဒေသခံ ၁၀ ဦးနီးပါးကို…

လာမယ့် ၆ လလည်း တိုင်းပြည်တည်ငြိမ်အောင် စစ်ကောင်စီလုပ်နိုင်ဖို့မရှိ

နေပြည်တော်၊ သြဂုတ်(၂) နိုင်ငံတော်ကို လက်နက်အားကိုးနဲ့ အရေးပေါ်ကာလဆိုပြီး သက်တမ်းအကြိမ်ကြိမ်တိုး အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီအနေနဲ့ နောက် ၆ လအတွင်း တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့က ခေါ်ယူခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုတည်ငြိမ်စေဖို့ အရေးပေါ်ကာလကို…

မွန်ပြည်နယ်မှာ အကျဉ်သား ၅၀၀ ပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသားပါဝင်မှုနည်းပါး

မော်လမြိုင်၊ သြဂုတ်(၂) မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အလုပ်စခန်းအသီးသီးမှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား ၅၀၀ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်တယ်လို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ပြန်လွတ်ပေးလိုက်တဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေဟာ ကျိုက်မရော ဗဟိုအကျဉ်းထောင်၊ မော်လမြိုင် အချုပ်ထောင်၊ သထုံအကျဉ်းထောင်အပါအဝင် ကျောက်ထုတ်စခန်း ၁၁ ခုက အကျဉ်းသူ၊ အကျဉ်းသားတွေ ဖြစ်ပါတယ်။…

သထုံမှာလေပြင်းတိုက်ခတ်ပြီး သစ်ပင်ပိလို့ လူ ၅ ဦးဒဏ်ရာရ

သထုံ၊ ဇူလိုင်(၂) မွန်ပြည်နယ် သထုံမြို့အတွင်း ဇူလိုင် ၃၁ ရက်နေ့ ညပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် သက်တမ်းရင့်သစ်ပင်တွေ ပြိုလဲခဲ့တဲ့အတွက် ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကနေ သိရပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် သထုံမြို့နယ် အောက်ကျင်းရပ်ကွက် ဘူတာရုံလိုင်းခန်းရှိ နေအိမ်တစ်လုံးအပေါ် သက်တမ်းရင့်ကုက္ကိုပင် လဲပြိုခဲ့တဲ့အတွက် မိသားစုဝင်တွေ ဖြစ်တဲ့ အမျိုးသား ၂…