August 2023

စစ်ကောင်စီရဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအစီအစဉ် ထိရောက်မှုမရှိနိုင်

မော်လမြိုင်၊ သြဂုတ်(၃) ပြည်တွင်းကုန်ဈေးနှုန်းကြီးမြင့်မှု ကျဆင်းစေဖို့အတွက် စစ်ကောင်စီက ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကို ဖွဲ့စည်းထားပေမယ့် လက်တွေ့မှာ ထိရောက်မှုမရှိနိုင်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေက ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီက ပြည်သူတွေ စားဝတ်နေရေး ပြေလည်မှုရှိစေဖို့ အခြေခံစားသောက်ကုန်ဈေးနှုန်းအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ထိန်သိမ်းဆောင်ရွက်နိုင်ဖို့အတွက်ဆိုပြီး ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ ဖွဲ့စည်းထားတာပါ။ ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီအနေနဲ့ အခြေခံစားကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊…

တနင်္သာရီမြို့နယ်အခြေစိုက် ခမရ ၅၆၁ တပ်ရင်းနဲ့ စရဖရုံးတိုက်ခိုက်ခံရ

တနင်္သာရီ၊ သြဂုတ်(၃) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အခြေစိုက် ခမရ ၅၆၁ တပ်ရင်းနဲ့ မြို့နယ်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးတို့ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၅၆၁ တပ် ရင်းကို ပြီးခဲ့တဲ့သြဂုတ် ၁ ရက်နေ့ နေ့လည်ပိုင်းမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ်…

ရေးမြို့နယ် ကျေးလက်လမ်းဦးစီးမှူး ဖမ်းဆီးခံရ

ရေး၊ သြဂုတ်(၃) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေရွာ ရေး-သံဖြူဇရပ်ကားလမ်းမှာ ရေးမြို့နယ် ကျေးလက်လမ်းဦးစီးမှူး ဦးရဲနီလင်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ ရေးမြို့နယ် ကျေးလက်လမ်းဦးစီးမှူး ဦးရဲနီလင်းဟာ ရေးမြို့ကနေ မော်လမြိုင်မြို့သို့အပြန်မှာ ဖမ်းဆီးခံလိုက်ရတာပါ။ ကျေးလက်လမ်းဦးစီးမှူး ဦးရဲနီလင်းဟာ ဖမ်းဆီးခံရပြီးနောက်…

ကယားပြည်နယ်ကို စစ်ကားအစီး(၁၀၀) ကျော်နဲ့ စစ်ကောင်စီ လက်နက်ရိက္ခာဖြည့်တင်းနေ

လွိုင်ကော် – ဩဂုတ်(၂) စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ ကယားပြည်နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကားအစီး (၁၀၀) ကျော်အသုံးပြုပြီး လက်နက်နဲ ရိက္ခာတွေ ဖြည့်တင်းနေသလို ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ KNDF စစ်ရေးချုပ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၅) ရက်ကနေ (၂၇) ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကယား ပြည်နယ်ထဲကို နေ့စဉ်စစ်ကားအစီးရေ (၄၀) ကနေ…

သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေ ရိုက်နှက်တိုက်ပိတ်ခံရ

သာယာဝတီ – ဩဂုတ်(၂) ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ (၁၅)ဦးကို အာဇာနည်နေ့ အထိမ်းအမှတ်ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရိုက်နှက်နှိပ်စက်ပြီး တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသူ(၁၅) ဦးဟာ အာဇာနည်နေ့ အထိမ်းအမှတ် အနက်ရောင်ဖဲကြိုးပြားကို ရင်ဘတ်မှာ ချိတ်ဆွဲခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရိုက်နှက်နှိပ်စက်ပြီး တိုက်ပိတ်ခံထားရတာပါ။ တိုက်ပိတ်ခံခဲ့ရတဲ့ အကျဉ်းသူတွေဟာ နိုင်ငံရေးပုဒ်မတွေနဲ့…

ပေကျင်းမှာ နှစ်ပေါင်း (၁၄၀)အတွင်းမှာ အပြင်းထန်ဆုံး စံချိန်တင်မိုးရွာသွန်းမှုဖြစ်ပေါ်

ပေကျင်း၊ ဇူလိုင်(၃) မကြာသေးမီရက်များအတွင်း ပေကျင်းမြို့ကို ဆက်တိုက်ထိုးနှက်နေတဲ့ မိုးရွာသွန်းမှုဟာ လွန်ခဲ့ တဲ့နှစ်ပေါင်း (၁၄၀) ကတည်းက စတင်ခဲ့တဲ့စံချိန်တင်မိုးရွာသွန်းပြီးနောက် အပြင်းထန်ဆုံးဖြစ် တယ်လို့ မြို့တော်ရဲ့ မိုးလေဝသဌာနက သြဂုတ် (၂) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ “ဒီမုန်တိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ အမြင့်ဆုံးမိုးရေချိန်မှာ ချမ်ပင်းရှိ ဝမ်ဂျာယွမ်ရေ လှောင်ကန်နားမှာ မိုးရေချိန် (၇၄၄.၈) မီလီမီတာထိ ရှိခဲ့တယ်” လို့…

ဘာလီကျွန်းပေါ်မှာ အမေရိကန် (၅၃) မီလျံတန်ကြေးရှိတဲ့ အမှိုက်ပြဿနာဖြစ်ပေါ်နေ

ဘာလီ – ဩဂုတ်(၃) အင်ဒိုနီးရှား အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Sungai Watch ဟာ ဘာလီကျွန်းရဲ့ စားသောက်ဆိုင်တွေ၊ ရေလွှာလျှောစီးတွေ၊အပန်းဖြေရိပ်သာတွေနဲ့ ထင်ရှားတဲ့ ဂျင်မ်ဘာရန် ပင်လယ်အော်မှာ နွေဦးကာလအတွင်း အမှိုက်တန်(၄၀) ကျော် ကောက်ခံ ရရှိထားပါတယ်။ အဲဒီပင်လယ်အော်က အမှိုက်လုံးတွေဟာ မုတ်သုံရာသီတွေမှာ ကျွန်းနီးချင်းဖြစ်တဲ့ ဂျာဗာ ကျွန်း ပေါ်ကို ဖုံးအုပ်သွားလေ့ရှိတယ်လို့ သိရပါတယ်။ “အကယ်၍သာ…

အမေရိကန်လူ့အခွင့်အရေးကိုယ်စားလှယ်ကို ကောက်ကျစ်စဉ်းလဲသူအဖြစ် မြောက်ကိုရီးယား ကင်ပွန်းတပ်

ပြုံယမ်း – ဩဂုတ်(၃) မြောက်ကိုရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်အသစ်ဖြစ်တဲ့ မစ္စဂျူလီတမ်နာကို တခြားနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ပြီး သွားပုပ်လေလွင့် ပြောဆိုကာ ကောက်ကျစ်စဉ်းလဲသူဖြစ်တယ်လို့ ပြုံယမ်းအစိုးရက ဝေဖန်လိုက်ပါတယ်။ ဒီမိုကရေစီ၊လူ့အခွင့်အရေးနဒ့ အလုပ်သမားဗျူရို အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံခြား ရေးဌာနရုံး ညွှန်ကြားရေးမှူးဟောင်း တမ်နာကို သမ္မတ ဂျိုးဘိုင်ဒန်က ဇန်နဝါရီလက အဲဒီရာထူး အတွက် အဆိုတင်သွင်းပြီးတော့ ပြီးခဲ့တဲ့…

စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူ (၁၆၀၀) နီးပါးရှိလာပြီလို့ NUG ထုတ်ပြန်

မော်လမြိုင် – ဩဂုတ်(၂) မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး (၁၄၄) ကြိမ်အထိကျူးလွန်ခံထားရပြီး ပြည်သူ(၁၅၉၅) ဦးအထိသေဆုံးခဲ့ရတယ်လို့ NUG လူ့အခွင့်အရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ စစ်အာဏာသိမ်းမှုကို ပြည်သူတွေ ဆက်လက်တော်လှန်နေတဲ့အတွက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို စနစ်တကျ ကျင့်သုံးနေတာဖြစ်သလို ပိုမိုပြင်းထန်စွာနဲ့ ကျယ်ပြန့်စွာ ကျင့်သုံးနေတာဖြစ်တယ်လို့ NUG ကဆိုထားတာပါ။ လက်ရှိမှာတော့ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး…

ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် မြင့်တက်နေ

ဘီးလင်း – ဩဂုတ်(၂) မွန်ပြည်နယ်၊ ဘီးလင်းမြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ပေဝက်ကျော်လွန်ရောက်ရှိနေတယ်လို့ စစ်ကောင်စီ မိုးဇလဦးစီးဌာနက ဩဂုတ်လ(၂) ရက်နေ့ မနက်(၇) နာရီခွဲ တိုင်းတာချက်ကို သတင်းထုတ်ပြန်ထားပါတယ်။ မြစ်ရေဟာ နောက်(၁) ရက်အတွင်း စိုးရိမ်ရေမှတ်ရဲ့ (၁)ပေကျော်အထိ ဆက်လက်မြင့်တက်လာနိုင်တဲ့အတွက် ဘီးလင်းမြို့နယ်အတွင်း မြစ်ကမ်းအနီးတဝိုက်နေသူတွေနဲ့ မြေနိမ်််ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိထားနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။ လက်ရှိမှာတော့ မိုးသည်းထန်စွာ…