August 2023

ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီဝန်ထမ်းတွေကို KNLA နောက်ဆုံးအကြိမ်သတိပေး

ဖာပွန်၊ သြဂုတ်(၁၀) KNU ဖာပွန်ခရိုင်အတွင်း ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အပါအဝင် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရာထူးတာဝန်ကနေ စွန့်လွှတ်ထွက်ခွာနှုတ်ထွက်ကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် ၅ တပ်မဟာဌာနချုပ် စစ်ရေးချုပ်ရုံးက ဩဂုတ် ၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅) အုပ်ချုပ်နယ်မြေထဲမှာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီရဲ့စစ်ရေးနဲ့…

လုံခြုံရေးစိုးရိမ်မှုကြောင့် ဆီးရီးယားမှာလုပ်မယ့် အိုလံပစ်အရည်အချင်းစစ်ပြိုင်ပွဲတွေမှာ ထိုင်ဝမ်ပါ ဝင်မှာမဟုတ်

တိုင်ပေ၊ သြဂုတ်(၁၀) လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ဆီးရီးယားမှာကျင်းပမယ့် အိုလံပစ်အရည်အချင်းစစ် ပြိုင်ပွဲတွေ မှာ ပါဝင် မှာမဟုတ်ဘူးလို့ ထိုင်ဝမ်ဘတ်စကတ်ဘောအသင်းက ဩဂုတ်လ (၉) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံသို့ ကုန်းလမ်းမှတဆင့် သွားရမှာဖြစ်တာကြောင့် အိမ်ရှင် မြို့တော်ဒမ်မာ ဆတ်ရဲ့ လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကို အသင်းအနေဖြင့် ကျော်လွှားဖို့မဖြစ် နိုင်တဲ့အတွက် ဒီလိုဆုံးဖြတ် လိုက်တာဖြစ်တယ်လို့ အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောကြား…

ထိုင်းဘုရင်ရဲ့ ဒုတိယမြောက်သား (၂၇) နှစ်အကြာမှာ ပြည်တော်ပြန်ဝင်လာ

ဘန်ကောက် – ဩဂုတ်(၁၀) ထိုင်းနိုင်ငံရဲ့ ဘုရင် မဟာဗီဂျာလောင်ကွန်းရဲ့ ဒုတိယမြောက်သားဖြစ်သူဟာ (၂၇) နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် မွေးရပ်မြေကို ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။ အသက်(၄၂) နှစ်အရွယ် မစ္စတာ Vacharaesorn Vivacharawongse ရဲ့ခရီးစဉ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတည်းက ထိုင်းတော်ဝင်မိသားစုဝင် ဘုရင်ကြီးရဲ့ သမီးတော် အကြီးဆုံး နာမကျန်း ဖြစ်နေခဲ့တဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာပါ။ နယူးယောက်မြို့မှာ…

တရုတ်မှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတချို့ကို ကန့်သတ်ဖို့ အိမ်ဖြူတော်စီစဉ်နေ

ဝါရှင်တန် – ဩဂုတ်(၁၀) တရုတ်နိုင်ငံမှာ အမေရိကန်ရဲ့ နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို တားမြစ်မယ့် အစီအစဉ် အပါအဝင် တခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး အစိုးရကို အသိပေးဖို့ အကြီးတန်းအစိုးရ အရာရှိတစ်ဦးက ဩဂုတ်လ(၉) ရက်နေမှာ ပြောခဲ့ပါတယ်။ အဲဒီအစီအစဉ်တါေဟာ တရုတ်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ ခေတ်မှီဖွံ့ဖြိုးမှုနဲ့ အမေရိကန် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ နည်းပညာတွေ ဖွံ့ဖြိုးအောင် အမေရိကန်ရဲ့ အရင်းအနီးနဲ့…

စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တဲ့ ဦးဟင်နရီဗန်ထီးယူကို NLD ပါတီကထုတ်ပယ်

ရန်ကုန် – ဩဂုတ်(၉) ဦးဟင်နရီဗန်ထီးယူကို ပါတီက ယုံကြည်စွာတာဝန်ပေးထားတဲ့ ဒုသမ္မတတစ်ဦးဖြစ်ခဲ့ပေမယ့် စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ထုတ်ပယ်လိုက်တယ်လို့ ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၈) ရက်နေ့က ပြုလုပ်တဲ့ ဒုတိယဗဟိုကော်မတီ ကြားကာလ အရေးပေါ် အစည်းအဝေးမှာ ဗဟိုကော်မတီဝင်တွေရဲ့ သဘောထားနဲ့ အများသဘောတူ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဗဟိုအလုပ်ကော်မတီက ဆိုထားပါတယ်။…

ရခိုင်က မြို့နယ်ခြောက်ခုမှာ လူထောင်နဲ့ချီ ရေဘေးဒုက္ခကြုံနေရ

စစ်တွေ – ဩဂုတ်(၉) ရခိုင်ပြည်နယ်က ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ရသေ့တောင်၊ဘူသီးတောင်နဲ့ တောင်ကုတ် မြို့နယ်တွေမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့အတွက် လူထောင်နဲ့ချီရေဘေးဒုက္ခကြုံတွေ့နေရ တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေအပါအဝင် ပြည်သူတွေကို ဘေးလွတ်ရာ ကိုရွှေ့ပြောင်းထားကြရတာပါ။ မုန်တိုင်းဒဏ်ခံထားရပြီး စစ်ကောင်စီရဲ့ ကူညီထောက်ပံ့မှုမရတဲ့ ရခိုင်ဒေသမှာ အခုလို ရေကြီးမှုနဲ့ ထပ်မံကြုံတွေ့နေရတဲ့အတွက် ပြည်သူတွေအခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ လူထု ဘေးဒဏ်ခံနိုင်စွမ်း…

“ရှိတဲ့အဝတ်နွေးတာလေးနဲ့ ကလေးကိုပတ်ပြီးအိပ်တာ။ ကြုံရတာတော့ ကင်းမြီးကောက်တောင် ကိုက်ခံရတာ။ ဖျာမရှိအိပ်ရတော့ အကောင်ကိုက်ခံရတာ။ အဆိပ်လည်း တက်နေတာ”

ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ရဲ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူဦးရေ ၃ ပုံ ၂ ပုံကျော် ထွက်ပြေးတိမ်းရှောင်နေရပါ တယ်။ အဲဒီထဲက စစ်ရှောင်ပြည်သူတွေဟာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာ ၊ စစ်ဘောင်ပိုကျယ်လာတဲ့ အတွက် တစ်နေရာကနေ တစ်နေရာတွေကို ထပ်မံစစ်ဘေးရှောင်ရတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ကယားပြည်နယ် ဘော်လခဲမြို့ကနေ မိသားစုအလိုက်…

ဘီးလင်း ကားလမ်း ရေစီးသန်နေလို့ သွားလာခွင့်ယာယီပိတ်

ဘီးလင်း- သြဂုတ် (၉) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ရန်ကုန်- မော်လမြိုင်ကားလမ်း ရေထပ်ကျော်ပြီး ရေစီးသန်နေတဲ့အတွက် ခရီးသွားယာဉ်တွေကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ပင်ထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။ သြဂုတ် ၈ ရက်နေ့ ညပိုင်းကတည်းက ဘီးလင်းမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်လာပြီးနောက် ကားလမ်းရေကျော်မှုတွေ ထပ်မံဖြစ်ပွားနေတာပါ။ ကားလမ်းရေကျော်မှုကြောင့် မနေ့ ည ၇…