ပုလောမြို့အဝင်အထွက်ဂိတ်တွေမှာ အစစ်ဆေးကြမ်းနေ
ပုလော၊ သြဂုတ်(၁၂) စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်က ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ သြဂုတ်လဆန်းပိုင်းကစပြီး မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတိုးမြှင့်ပြီး ခရီးသွားပြည်သူတွေကို အသေးစိတ် ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။ အဲဒီလိုစစ်ဆေးရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသွားပြည်သူထံကနေ ဖုန်းအပြင်ပါလာသမျှ ပစ္စည်းတွေကိုလည်း စစ်ဆေးနေပြီး မထင်ရင်မထင်သလို သိမ်းဆည်းတာတွေ ပြုလုပ်နေတယ်လို့…