August 2023

စစ်အာဏာသိမ်း (၉၃၂)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၉၆၅ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၂၂) AAPP ရဲ့ သြဂုတ်(၂၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၃၂)ရက်အတွင်း ပြည်သူ (၃၉၆၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၃၇၁ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၁၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်ရင် အရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

နေပြည်တော်၊ သြဂုတ်(၂၂) ခွင့်ပြုချက် ဒါမှမဟုတ် လိုင်စင်မရှိဘဲ နိုင်ငံခြားငွေတွေ လက်ဝယ်ကိုင်ဆောင်ထားတာကို စိစစ်တွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က သြဂုတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်းနေထိုင်သူတစ်ဦးဟာ တရားဝင်နည်းလမ်းနဲ့ ရရှိထားတဲ့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ ဒါမှမဟုတ် အဲဒီငွေနဲ့ညီမျှသော ငွေထက်မပိုတဲ့ နိုင်ငံခြားငွေတွေကို လက် ခံရရှိတဲ့နေ့မှစပြီး…

ထိုင်းဘတ်ငွေ မြင့်တက်မှုကြောင့် လက်နက်ခဲယမ်းဝယ်ယူဖို့ အခက်အခဲရှိလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေပြော

ဒီးမော့ဆို၊ သြဂုတ်(၂၂) အာဏာသိမ်း စစ်ကောင်စီက မြန်မာကျပ်ငွေ ၂၀,၀၀၀ တန် ရိုက်နှိပ်ထုတ်ဝေပြီးနောက်ပိုင်း ထိုင်းဘတ်ငွေဈေးဟာ တရိပ်ရိပ်နဲ့ အဆမတန် မြင့်တက်လာတဲ့အတွက် လက်နက်ခဲယမ်းဝယ်ယူဖို့ အခက်အခဲရှိလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်းဘတ်ငွေမြင့်တက်မှုကို ထိန်းချုပ်ဖို့နဲ့ ဒေါ်လာသုံးစွဲမှုလျှော့ချဖို့ ရည်ရွယ်ပြီး စစ်ကောင်စီဗဟိုဘဏ်က ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှု ဆောင်ရွက်နိုင်တဲ့ ငွေကြေးအဖြစ် သြဂုတ် ၁၄ ရက်နေ့မှာ…

ပုလောမှာ စစ်တပ်လက်နက်ကြီးကျလို့ အဘွားအို ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ပုလော၊ သြဂုတ်(၂၂) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ လက္ကူကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၈၀ အရွယ် အဘွားအို ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပုလောမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၂၈၅) ကနေ သြဂုတ် ၁၉ ရက်နေ့ ညနေ ၄…

မြဝတီ-အာရှလမ်းမှာ ခရီးသည်ကား တိုက်ခိုက်ခံရလို့ ၄ ဦး ဒဏ်ရာရ

မြဝတီ၊ သြဂုတ်(၂၂) ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီ – ကော့ကရိတ် အာရှလမ်းမှာ ခရီးသည်ကားတစ်စီး တိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က မြဝတီကနေ ကော့ကရိတ်ဘက်ကို ဆင်းလာတဲ့ ခရီးသည်…

သထုံမှာတိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

သထုံ၊ သြဂုတ်(၂၂) မွန်ပြည်နယ်၊ သထုံမြို့နယ် ၊ ပုရစ်ခိုကျေးရွာအနီး ပတ်ဝန်းကျင်ကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ သြဂုတ် ၂၁ ရက်နေ့ နေ့လည် ၃ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်ကနေ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာပါ။ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သွားတဲ့နေရာဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

ကယားမှာ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေ

လွိုင်ကော် – ဩဂုတ်(၂၁) ကယားပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို ကိုဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား နေ့စဉ်လိုလို တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PDF အဖွဲ့တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကစပြီး ဒီးမော့ဆိုမြို့အနီးတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပြီး ဒီနေ့ ဩဂုတ်လ(၂၁) ရက်နေ့ မနက်ပိုင်းအထိ ထိတွေ့မှုတွေ ရှိနေတာပါ။ အဲဒီထိတွေ့တိုက်ပွဲတွေဟာ စစ်ကောင်စီတပ်လက်လွှတ်ထားရတဲ့…

ကျိုက်မရောက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရ

ကျိုက်မရော၊ သြဂုတ်(၂၁) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ခလိန်ကျေးရွာနဲ့ကြာအင်းချောင်းကျေးရွာကြားမှာ သြဂုတ် ၂၀ ရက်နေ့ ညနေပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသက် ၄၅ နှစ်အရွယ် ကော့ခလိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းကို ကော့ခလိန်ကျေးရွာကနေ ကြာအင်းချောင်းကျေးရွာကို ကားနဲ့ပြန်လာချိန်မှာ အမည်မသိသေနတ်သမားတွေက အနောက်ကနေလိုက်ပြီး ပစ်ခတ်ခဲ့တာပါ။ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟာ ယာပုခုံးနဲ့ဇက်ပိုးနားမှာ…

စစ်ကောင်စီနဲ့ TNLA တို့ တစ်ရက်အတွင်း တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားခဲ့

လားရှိုး – ဩဂုတ်(၂၁) ရှမ်းပြည်နယ်၊ လားရှိုးမြို့နဲ့ ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA) တို့ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ(၁၉) ရက်နေ့မှာ တစ်ရက်အတွင်း တိုက်ပွဲ(၃) ကြိမ်တိုင်ဖြစ်ပွားခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် လားရှိုးမြို့နယ်မှာ တိုက်ပွဲ(၁) ကြိမ် ဖြစ်ပွားပြီး ကွတ်ခိုင်မြို့မှာ (၂)ကြိမ်ထိတွေ့မှုဖြစ်ခဲ့တာပါ။ လားရှိုးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ TNLA…

သမ္မတလောင်းရွေးချယ်မှုမှ ဒေါ်နယ်ထရန့် နုတ်ထွက်ပေးသင့်တယ်လို့ အမေရိကန်အထက်လွှတ် တော် ရီပါဘလစ်ကန်ပါတီဝင်တွေ ပြောကြား

ဝါရှင်တန်၊ သြဂုတ်(၂၂) သမ္မတဟောင်း ဒေါ်နယ်ထရန့်အနေနဲ့ အထွေထွေ ရွေးကောက်ပွဲမှာအနိုင်ရဖို့မရှိနိုင်တဲ့အတွက် ၂၀၂၄ ခုနှစ် သမ္မတလောင်းရွေးချယ်ပွဲမှ နုတ်ထွက်သင့်ကြောင်း ထင်ရှားတဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီ ကန်ပါတီဝင်တွေက ဩဂုတ်လ (၂၀) ရက်နေ့မှာ ပြောခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ သမ္မတဟောင်းရဲ့ ဒုတိယအကြိမ်ရုံးချိန်းမှာ ထရန့်ကို အရေးယူပေးဖို့ မဲခွဲဆုံးဖြတ် ခဲ့တဲ့ အထက် လွှတ်တော် ရီပတ်ဘလီကန်…