ဘတ်တန်၊ သြဂုတ်(၃၁)

အွန်လိုင်းအချစ်လိမ်လည်မှု ဂိုဏ်းတစ်ခုကို လုပ်ဆောင်နေတယ်ဆိုတဲ့ သံသယရှိသူ တရုတ်နိုင် ငံသား ဒါဇင် ပေါင်းများစွာကို အင်ဒိုနီးရှားမှာ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က သြဂုတ် (၃၀) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

ဖမ်းဆီးရမိသူတွေရဲ့ လုပ်ဖော်ကိုင်ဖက်တရုတ်တွေထံမှ သတင်းပေးချက်အရ အင်ဒိုနီးရှားရဲ တပ်ဖွဲ့ဟာ ရီအူ ကျွန်းစုရှိ ဘက်တန်မြို့ရှိ စက်ရုံဝင်းတစ်ခုမှာ အမျိုးသား (၈၃) ဦးနဲ့ အမျိုးသမီး (၅) ဦးကို ဩဂုတ်လ (၂၉) ရက်နေ့က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

အဲဒီလိမ်လည်တဲ့အဖွဲ့ဟာ တရုတ်နိုင်ငံရှိ ရာနဲ့ချီတဲ့ သားကောင်တွေကို ခြိမ်းခြောက်ငွေညှစ်ခဲ့ပြီး အများစုမှာ အစိုးရအရာရှိတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

“ကျူးလွန်ခံရသူတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံသား ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေပါတယ်။ တစ်ဦးတစ်ယောက်မှ မရှိဘူးဆိုရင် လိမ်လည်သူတွေကို ချက်ချင်း ပြည်နှင်ဒဏ်ပေးမှာပါ” လို့ ကျွန်းစုရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက သြဂုတ် (၃၀) ရက်နေ့မှာ အေအက်ဖ်ပီသို့ ပြောခဲ့ပါတယ်။

 လိမ်လည်လှည့်ဖြားသူတွေဟာ ဗီဒီယိုဖုန်းခေါ်ဆိုမှုတွေအတွင်း သူတို့ရဲ့သားကောင်တွေကို ရိုမန်းတစ် ချစ်ရေး ချစ်ရာကိစ္စတွေနဲ့ ဟန်ဆောင်မှုတွေ လုပ်ခဲ့ကြတာပါ။ 

လိမ်လည်သူအမျိုးသမီးတွေက အမျိုးသားတွေကို အွန်လိုင်းကနေချစ်သူတွေဖြစ်အောင် ဖျားယောင်း သွေး ဆောင်ခဲ့ကြပါတယ်။ အဲဒီနောက် လိင်ပိုင်းဆိုင်ရာအပြုအမူ မှတ်တမ်းတွေတင်ခဲ့ပြီး ငွေညှစ်ကြ တာဖြစ်ပါတယ်။ 

တောင်းတဲ့ငွေပေးဖို့ ငြင်းဆိုရင်တော့ ဗီဒီယိုတွေကို လူမှုမီဒီယာမှာ လွှင့်တင်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ကြ တာပါ။

 ဒီအဖွဲ့ဟာ ဘယ်လောက်ကြာအောင် လုပ်ငန်းလည်ပတ်နေပြီး ဝင်ငွေဘယ်လောက်ရှိသလဲဆို တာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

တရုတ်နိုင်ငံဟာ ပြည်တွင်းရှိ ကွန်ရက်တွေကို နှိမ်နင်းပြီးနောက် လိမ်လည်သူအများအပြားဟာ အင်ဒိုနီးရှားနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ပြောင်းရွှေ့လာခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အရင်ကတည်းက ပြောဆိုခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းကတော့ ရဲတပ်ဖွဲ့ဟာ တရုတ် နိုင်ငံသား (၈၅) ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား (၆) ဦးကို အွန်လိုင်း လိမ်လည်မှုဖြင့် ဖမ်းဆီးခဲ့ပြီး အဲဒီသူတွေဟာ သားကောင်ဖြစ်သွားသူတွေထံက နေ ဒေါ်လာသန်း ပေါင်းများစွာ လိမ်လည်လှည့်ဖြားခဲ့တာ ဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.