FILE PHOTO: Boxes of Tecentriq from Genentech are seen at the Huntsman Cancer Institute at the University of Utah in Salt Lake City, Utah, U.S., July 22, 2022. REUTERS/George Frey/File Photo

လန်ဒန် – ဩဂုတ်(၃၁)

ဗြိတိန်အစိုးရရဲ့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက အင်္ဂလန်နိုင်ငံအတွင်းမှာရှိတဲ့ လူနာ တွေကို ကုသမှုအကြိမ်ရေ လေးပုံတစ်ပုံအထိ လျှော့ချနိုင်မယ့် ကင်ဆာကုသဆေးကို ကမ္ဘာပေါ် မှာ ပထမဆုံးအဖြစ် မိတ်ဆက်ပေးခဲ့ပါတယ်။ 

ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်များ ထိန်းချုပ်ရေးအေဂျင်စီ(MHRA)ရဲ့ ခွင့်ပြု ချက်ရရှိပြီးနောက် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက ဩဂုတ်လ(၂၉) ရက်နေ့က ကင်ဆာကုထုံးဖြစ်တဲ့ ခုခံအားကုထုံး အေတီဇိုလစ်ဇင်မတ်နဲ့ ကုသမှုခံယူထားတဲ့ လူနာတွေရဲ့ အရေပြားအောက်မှာ ဆေးထိုးဖို့ သတ်မှတ်ထားပြီး ကုသရေးအဖွဲ့တွေအတွက် အချိန်ပိုမိုမြန်ဆန် လာမှာဖြစ်တယ်လို့ သိရပါတယ်။ 

“အဆိုပါခွင့်ပြုခြင်းဟာ ကျွန်ုပ်တို့၏လူနာများအတွက် အဆင်ပြေပြီး မြန်ဆန်သောစောင့်ရှောက် မှုကို ပေးနိုင်ရုံသာမက ကုသရေးအဖွဲ့များကို တစ်နေ့တာလုံး လူနာများအား ပိုမိုကုသနိုင်စေမည်” လို့ West Suffolk NHS Foundation Trust မှ အတိုင်ပင်ခံ ကင်ဆာပညာရှင် ဒေါက်တာ အယ်လက်ဇန်းဒါး မာတင်က ပြောခဲ့ပါတယ်။ 

အေတီဇိုလစ်ဇင်မတ်ကုထုံးဟာ လူနားတွေရဲ့ သွေးကြောထဲကို အစက်ချတာကတဆင့် သွေးပြန် ကြောတွေအတွင်း တိုက်ရိုက်ပေးလေ့ရှိပြီး တချို့သော လူနာတွေမှာ သွေကြောထဲထိုးဝင်ဖို့ ခက် ခဲတာကြောင့် မိနစ်(၃၀) ဒါမှမဟုတ် တစ်နာရီအထိ ကြာတက်တယ်လို့ NHS England ကဆိုထား ပါတယ်။ 

ရို့ချ်ကုမ္ပဏီမှ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ မာရီးယက်စ် စကော့က လက်ရှိမှာ အကြောသွင်းတဲ့နည်းလမ်းအတွက် မိနစ် ၃၀ မှ ၆၀ နဲ့ နှိုင်းယှဉ်ရင် ၇ မိနစ်ခန့် ကြာတယ်လို့ မှတ်ချက်ပြုထားပါတယ်။ 

Roche ကုမ္ပဏီကထုတ်လုပ်တဲ့ ကင်ဆာကုထုံးဆေးဟာ ကင်ဆာဆဲလ်တွေကို ရှာဖွေဖျက်ဆီးဖို့ လူနာရဲ့ ကိုယ်ခံအားစနစ်ကို အားကောင်းစေတဲ့ ခုခံအားကုထုံးဆေးဖြစ်ပြီး အဆုတ်၊ရင်သား၊ အသည်းနဲ့ ဆီးအိမ်အပါအဝင် ကင်ဆာအမျိုးမျိုးရှိတဲ့ NHS လူနာတွေကို လောလောဆယ် ကုသ ပေးနေတယ်လို့ သိရပါတယ်။

အင်္ဂလန်နိုင်ငံမှာ နှစ်စဉ် အေတီဇိုလစ်ဇင်မတ်ကုသမှုခံယူတဲ့လူနာ(၃၆၀၀) ဝန်းကျင်အတွက် အချိန်ကုန်သက်သာစေတဲ့ ထိုးဆေးအဖြစ် ပြောင်းလဲဖို့ NHS England မှ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

ခုခံအားကုထုံးနဲ့ ပေါင်းစပ်သွေးကြောသွင်း ဓာတုကုထုံးကို ခံယူတဲ့ လူနာတွေအနေနဲ့ သွေးသွင်း ချိန်ကျန်ရှိနိုင်တယ်လို့လည်း သတိပေးမှုတွေရှိနေပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.