August 30, 2023

အွန်လိုင်းအချစ်ရေးလိမ်လည်ပြီး လိင်ပိုင်းဆိုင်ရာအပြုအမူမှတ်တမ်းတွေနဲ့ ငွေညှစ်တဲ့ တရုတ်နိုင်ငံသား (၈၈) ဦးကို အင်ဒိုနီးရှားဖမ်းဆီး

ဘတ်တန်၊ သြဂုတ်(၃၁) အွန်လိုင်းအချစ်လိမ်လည်မှု ဂိုဏ်းတစ်ခုကို လုပ်ဆောင်နေတယ်ဆိုတဲ့ သံသယရှိသူ တရုတ်နိုင် ငံသား ဒါဇင် ပေါင်းများစွာကို အင်ဒိုနီးရှားမှာ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က သြဂုတ် (၃၀) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဖမ်းဆီးရမိသူတွေရဲ့ လုပ်ဖော်ကိုင်ဖက်တရုတ်တွေထံမှ သတင်းပေးချက်အရ အင်ဒိုနီးရှားရဲ တပ်ဖွဲ့ဟာ ရီအူ ကျွန်းစုရှိ ဘက်တန်မြို့ရှိ စက်ရုံဝင်းတစ်ခုမှာ အမျိုးသား (၈၃) ဦးနဲ့ အမျိုးသမီး…

တရုတ်မှာ မိုးသက်မုန်တိုင်းကြောင့် လူ(၄)ဦးသေဆုံးကာ ဒါဇင်နဲ့ချီပျောက်ဆုံးနေ

ပေကျင်း – ဩဂုတ်(၃၁) တရုတ်နိုင်ငံမှာ မိုးသက်မုန်တိုင်းကျရောက်မှုကြောင့် လူ(၄) ဦးသေဆုံးကာ ဒါဇင်နဲ့ချီ ပျောက်ဆုံး နေတယ်လို့ နိုင်ငံပိုင် မီဒီယာက ဩဂုတ်လ(၃၀) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၁) ရက်နေ့က တောင်တန်းထူထပ်တဲ့ ဂျင်ယန်မှာ ဆိုးရွားစွာ မိုးရွာခဲ့ပြီး နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုတွေကိုတော့ မသိရသေးပါဘူး။ မိုးရွာပြီး တစ်ပတ်ကျော်အကြာမှာတော့ နိုင်ငံပိုင်ရုပ်သံ CCTV က မုန်တိုင်းဟာ…

အင်္ဂလန်မှာ ကမ္ဘာ့ပထမဆုံး ကင်ဆာကုသဆေး စတင်မိတ်ဆက်

လန်ဒန် – ဩဂုတ်(၃၁) ဗြိတိန်အစိုးရရဲ့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက အင်္ဂလန်နိုင်ငံအတွင်းမှာရှိတဲ့ လူနာ တွေကို ကုသမှုအကြိမ်ရေ လေးပုံတစ်ပုံအထိ လျှော့ချနိုင်မယ့် ကင်ဆာကုသဆေးကို ကမ္ဘာပေါ် မှာ ပထမဆုံးအဖြစ် မိတ်ဆက်ပေးခဲ့ပါတယ်။ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်များ ထိန်းချုပ်ရေးအေဂျင်စီ(MHRA)ရဲ့ ခွင့်ပြု ချက်ရရှိပြီးနောက် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက ဩဂုတ်လ(၂၉) ရက်နေ့က ကင်ဆာကုထုံးဖြစ်တဲ့ ခုခံအားကုထုံး အေတီဇိုလစ်ဇင်မတ်နဲ့ ကုသမှုခံယူထားတဲ့ လူနာတွေရဲ့ အရေပြားအောက်မှာ…

ယင်းမာပင်မှာ သစ်ထုတ်ယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ (၇) ဦးသေဆုံး

ယင်းမာပင် – ဩဂုတ်(၃၀) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းက သစ်ထုတ်ယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၇) ဦးသေဆုံးခဲ့တယ်လို့ KLG တပ်မဟာက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လ(၂၉) ရက်နေ့ကမနက်ပိုင်းက သစ်ထုတ်ယူနေတဲ့ စစ်ကောင်စီတပ်ရဲ့ အင်အား (၃၅) ဦးပါ ရှေ့ပြေးစစ်ကြောင်းဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေနေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲမှာ (၁၅) မိနစ်ဝန်းကျင်ကြာမြင့်ခဲ့ပြီး…

လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်က ရဲစခန်းတွေကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်

ရန်ကုန် – ဩဂုတ်(၃၀) စစ်ကောင်စီလုံခြုံရေးတင်ကျပ်ထားတဲ့ ရန်ကုန်တိုင်းအတွင်းက ရဲစခန်း(၆) ခုကို တော်လှန်ရေးအင်အားစုတွေက (၃) ရက်ဆက်တိုက် ဖောက်ခွဲတိုက်ခဲ့နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၇) ရက်ကနေ (၂၉) ရက်နေ့အထိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ \ဩဂုတ်လ(၂၇) ရက်နေ့ညပိုင်းက မင်္ဂလာဒုံမြို့နယ်၊ပတ္တမြားမြို့သစ်၊ ပတ္တမြားလမ်းမှာရှိတဲ့ အမှတ်(၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး (၂၈)…

TNLA နဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများခဲ့တယ်လို့ ထုတ်ပြန်

မူဆယ် – ဩဂုတ်(၃၀) ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်မြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်တို့မှာ တအာင်းတပ်မတော်(TNLA) နဲ့ စစ်ကောင်စီတပ်တွေထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများခဲ့ တယ်လို့ TNLA ကသတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ TNLA အခြေစိုက်ထားတဲ့ လွယ်တယ်မိန်းတောင် ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် နားထန်နဲ့ စယ်လန်းရွာအနီးမှာ တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့သလို ကွတ်ခိုင်မြို့နယ် လွယ်နောဖောင်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့…

စစ်မျက်နှာအားလုံး မဟာဗျူဟာကျကျ အကောင်ထည်ဖော်ဖို့ NUG ယာယီသမ္မတ သတိပေး

ရန်ကုန်၊ သြဂုတ်(၃၀) စစ်မျက်နှာအားလုံးမှာ မဟာဗျူဟာကျကျနဲ့ စွမ်းဆောင်နိုင်မှသာ ပြည်သူလူထုအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းအပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖန်တီးပေးနိုင်မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်ပါတယ်။ သြဂုတ် ၂၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ၂၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုသတိပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ယာယီသမ္မတဒူဝါလရှီးလက မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့စစ်ကောင်စီဟာ…

ကျောက်ကြီးမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် ၄ ဦး ဒဏ်ရာရ

ကျောက်ကြီး၊ သြဂုတ်(၃၀) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က ကျောက်ကြီးမြို့နယ် ကညင်ကျိုးကျေးရွာထဲကို စစ်ကောင်စီရဲ့ ခလရ(၂၆၄)တပ်ရင်းက…