ထီးချိုင့် – ဩဂုတ်(၂၈)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကုန်ကားတွေကို စစ်ဆေးနေချိန် မှာ ယာဉ်အမှတ် 6B-54571 နဲ့ လွိုင်ကော်ကနေ တနိုင်းကို တပ်ပြောင်းရွှေ့လာတဲ့ စစ်ကောင်စီ ဗိုလ်မှူးချုပ် မြတ်မင်းမိုးရဲ့ တပ်သုံးပစ္စည်းတွေနဲ့ အိထောင်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ၊ ကသာခရိုင်ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထီးချိုင့်-ပ.က.ဖ) တို့ ပူးပေါင်းပြီး စစ်ဆေးနေချိန်မှာ ဖမ်းဆီးရမိခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လ(၉) ရက်နေ့က စစ်ကောင်စီ ဗိုလ်မှူးချုပ် မြတ်မင်းမိုးက ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)ရဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး(ဒ.က.စမှူး) အဖြစ်ကနေ ဒေသကွပ်ကဲမှုစစ် ဌာနချုပ်(တနိုင်း)ကို ပြောင်းရွှေ့လာရချိန် မှာ သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေထဲမှာ စစ်ယူနီဖောင်း(၇၀)စုံ၊5.56 ကျည် (၄၆၅) တောင့်၊ လက်ပစ်ဗုံး (၅) လုံး၊ ၁၂ ဘီးကား (၁) စီး၊ Skynet (၂) လုံး၊ ဓာတ်မြေသြဇာ (၁၅၀) အိတ်၊ Sony အမျိုးအစား Camera (၁) လုံး၊ Fax စာပို့စက် (၁) လုံး၊ Jammer အကြီး (၁) လုံး၊ Jammer အသေး (၁) လုံး၊ PC Computer (၂) လုံး၊ TYT ဆက်သွယ်ရေးစက် (၄) လုံး၊ Inverter (၄) လုံး၊ Equipment (၁) စုံ၊ စစ်ဖိနပ် (၃) ရံ၊ ဆုတံဆိပ် (၆) ခု၊ TV (၂) လုံး၊ ကော်ရည်လောင်းစက် (၁) ခုနဲ့ ကတ်ထရစ် (၂) ခု တို့ပါဝင်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.