ကော့ကရိတ် – ဩဂုတ်(၂၉)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အရပ်ဝတ်နဲ့ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်ထောက်ဗိုလ်ကြီး(၁)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ Justice Soldier PDF က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၈) ရက်နေ့က ကျားဖြူစစ်ကြောင်းထိန်းချုပ်နယ်မြေတစ်ခုကို ဖြတ်သန်းသွားလာနေစဉ် မသင်္ကာလို့ စစ်ဆေးမေးမြန်းချိန်မှာ ဗိုလ်ကြီး ရဲမင်းထွန်းဆိုသူဖြစ်တဲ့အတွက် ဖမ်းဆီးခဲ့တာလို့ ဆိုထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ဖမ်းဆီးရမိခဲ့သူဟာ စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃၅၀) ခြေမြန်တပ်ရင်းက ဗိုလ်ကြီးရဲမင်းထွန်းဖြစ်ပြီး သူဟာ ဗိုလ်သင်တန်းအမှတ်စဉ် စ.သ.တ(၅၃) ဆင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လက်တလောမှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီဗိုလ်ကြီးကို ဘယ်လို အရေးယူသွားမယ် ဆိုတာကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ ကရင်ပြည်နယ်မှာ စစ်ကောင်စီ တပ်သားတွေမကြာခဏ ဖမ်းဆီးခံရတာရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို လက်နက်နဲ့ အလင်းဝင်ရောက်လာတာ တွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Justice Soldier PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.