August 29, 2023

ကော့ကရိတ်မှာ အရပ်ဝတ်နဲ့ သွားလာနေတဲ့ စစ်ကောင်စီဗိုလ်ကြီး(၁)ဦးကို PDF ဖမ်းဆီး

ကော့ကရိတ် – ဩဂုတ်(၂၉) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အရပ်ဝတ်နဲ့ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်ထောက်ဗိုလ်ကြီး(၁)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ Justice Soldier PDF က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၈) ရက်နေ့က ကျားဖြူစစ်ကြောင်းထိန်းချုပ်နယ်မြေတစ်ခုကို ဖြတ်သန်းသွားလာနေစဉ် မသင်္ကာလို့ စစ်ဆေးမေးမြန်းချိန်မှာ ဗိုလ်ကြီး ရဲမင်းထွန်းဆိုသူဖြစ်တဲ့အတွက် ဖမ်းဆီးခဲ့တာလို့ ဆိုထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ဖမ်းဆီးရမိခဲ့သူဟာ…

ပေါင်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးပစ်ခတ်ခံရ

ပေါင် – ဩဂုတ်(၂၉) မွန်ပြည်နယ်၊ပေါင်မြို့နယ် ရင်းငြိမ်းမြောက်ကျေးရွာ ဘောလုံးကွင်းအနီး ရန်ကုန်-မော်လမြိုင် လမ်းပေါ်မှာ သဗြုချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၈) ရက်နေ့ ညနေပိုင်းက သဗြုချောင်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်ငွေထွန်း ဆိုသူဟာ နေအိမ်ကနေ ရင်းငြိမ်းမြောက်ကျေးရွာဘက်ကို ဆိုင်ကယ်နဲ့သွားနေချိန်မှာ အနီးကပ် ပစ်ခတ်ခံခဲ့ရတာပါ။ “ဆိုင်ကယ်နဲ့ လိုက်ပစ်တာလို့တော့ သိရတယ်။သူကကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်တာလဲ မကြာသေးဘူး။”လို့…

ဖူကူရှီးမားရေဆိုးထုတ်လွှတ်မှုနဲ့ပတ်သက်ပြီး တရုတ်ရဲ့ခြိမ်းခြောက်ဖုန်းခေါ်ဆိုမှုတွေကို ဂျပန်အစိုးရ ထုတ်ပြန်

တိုကျို၊ သြဂုတ်(၃၀) ဖူကူရှီးမားရေဆိုးထုတ်လွှတ်ပြီးနောက်မှာ တရုတ်နိုင်ငံကလို့ ထင်မြင်ယူဆရတဲ့ စိတ်ပျက်စရာကောင်းပြီး ခြိမ်းခြောက်ပြောဆိုတဲ့ ဖုန်းခေါ်ဆိုမှုတွေကို အကြိမ်ပေါင်းများစွာ လက်ခံရရှိခဲ့တယ်လို့ ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။ တိုကျိုက တရုတ်သံရုံးဘက်ကလည်း ဂျပန်အစိုးရထံကနေ အဖျက်အမှောင့် ဖုန်းကောတွေ လက်ခံရရှိခဲ့ တယ်လို့ တုံ့ပြန် ပြောကြားခဲ့ပြန်ပါတယ်။ “တရုတ်နိုင်ငံဘက်ကလာတဲ့ မြောက်များစွာသော ခြိမ်းခြောက်တဲ့ ဖုန်းကောတွေကို ဂျပန်က လက်ခံရရှိ ထားပါတယ်။ သက်ဆိုင်ရာ ဌာနတွေအနေနဲ့လည်း…

အွန်လိုင်းရာဇဝတ်မှုတွေအတွက် အရှေ့တောင်အာရှမှာ လူထောင်နဲ့ချီ လူကုန်ကူးခံနေရတယ်လို့ ကုလဆို

ဝါရှင်တန် – ဩဂုတ်(၃၀) အရှေ့တောင်အာရှနိုင်ငံတွေက ရာဇဝတ်ဂိုဏ်းတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ခြိမ်းခြောက်မှုတွေထဲ မှာ အွန်လိုင်းလိမ်လည်လှည့်ဖြားမှုတွေ လုပ်ဆောင်ဖို့ သိန်းနဲ့ချီတ့ လူတွေဟာ အတင်းအကြပ် ဖိအားပေးခံနေရတယ်လို့ ကုလသမဂ္ဂက ဩဂုတ်လ(၂၉) ရက်နေ့မှာ ပြောခဲ့ပါတယ်။ လူအများအပြားဟာ အွန်လိုင်းရာဇဝတ်မှုတွေမှာ အသုံးချခံရဖို့အတွက် လူကုန်ကူးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရတာအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလို ပြင်းထန်တဲ့ အခွင့် အရေးချိုးဖောက်ခံနေရတယ်လို့ ကုလအစီရင်ခံစာမှာဖော်ပြထားတာပါ။ “ဒီလို…

အင်ဒိုနီးရှားမှာ အစ္စလာမ်ရိုးရာဝတ်စုံကိုလွဲမှားစွာ ဝတ်ဆင်ခဲ့တဲ့ မိန်းကလေး(၁၄)ဦး ကတုံးရိတ်ခံ ရ

ဂျကာတာ – ဩဂုတ်(၃၀) အင်ဒိုနီးရှားနိုင်ငံက ကျောင်းတစ်ခုမှာ အစ္စလာမ်ရိုးရာဝတ်စုံကိုလွဲမှားစွာ ဝတ်ဆင်ခဲ့တဲ့ မိန်းကလေး(၁၄) ဦးကို ဆရာမတစ်ဦးက ကတုံးရိတ်ခဲ့တယ်လို့ ကျောင်းအုပ်ဆရာမကြီးက ပြောပါတယ်။ စာသင်ကျောင်းတွေမှာ မဖြစ်မနေ ဝတ်ဆင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို လွန်ခဲ့တဲ့ ၂၀၂၀ တည်းကဖျက်သိမ်းထားခဲ့ပေမယ့် တက်ကြွလှုပ်ရှားသူတွေရဲ့ အဆိုအရ လူဦးရေသန်း (၂၇၀) နေထိုင်တဲ့ နိုင်ငံမှာ အစွန်းရောက်ဝါဒီဒေသတွေက မူဆလင်မိန်းကလေးတွေအပြင် မူဆလင် မဟုတ်သူတွေကိုပါ…

၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနား မွန်အာဇာနည်ကုန်းမှာ ကျင်းပမယ်

မုဒုံ၊ သြဂုတ်(၂၉) ဩဂုတ် ၃၁ ရက်နေ့မှာ ကျရောက်မယ့် ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဗျိုင်းနှစ်ကောင် ဝင်းစိန်တောရဝင်းအတွင်းရှိ မွန်အာဇာနည်ကုန်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ အခမ်းအနား ကျင်းပရေးကော်မတီကနေ သိရပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားတဲ့ နှစ်ကစပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်တော်လှန်ရေးနေ့အခမ်းအနားကို အွန်လိုင်းကနေပြုလုပ်ခဲ့ပြီး အခုနှစ်မှာတော့ ဝင်းစိန်တောရရှိ မွန်အာဇာနည်ကုန်းမှာ ပြန်လည်ကျင်းပသွားဖို့ ပြင်ဆင်ထားတာပါ။ မဟာဝါဒီ အာဏာရှင်အဆက်ဆက်ကို…

ညောင်လေးပင်မှာ လက်နက်ကြီးကျလို့ အရပ်သား ၄ ဦး ဒဏ်ရာရ

ညောင်လေးပင်၊ သြဂုတ်(၂၉) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်က မုန်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေ မြန်တပ်ရင်း ခမရ(၄၃၉)တပ်ရင်းကနေ လက်နက်ကြီး…

စစ်အာဏာသိမ်း (၉၃၉)ရက်အတွင်း သတ်ဖြတ်ခံရသူ ၄၀၀၉ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၂၉) AAPP ရဲ့ သြဂုတ်(၂၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၃၉)ရက်အတွင်း ပြည်သူ (၄၀၀၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၄၆၉ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၁၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…