“ကရင်နီပြည်ရဲဌာနအနေနဲ့ ရဲတပ်ဖွဲ့ဝင်အသစ်သင်တန်း အပတ်စဉ်(၂)ခုကိုလည်း ဖွင့်လှစ်နိုင်ခဲ့တယ်။ အဲဒီမှာ အမျိုးသမီးပါဝင်မှု ၃၅ရာခိုင်နှုန်းရှိတယ်”

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီရဲ့ ကြပ်မတ်လမ်းညွှန်မှုအရ ကရင်နီပြည်ရဲဌာနကို CDM ရဲတပ်ဖွဲ့ဝင် တွေနဲ့ စတင်ဖွဲ့စည်းခဲ့တာ အခုနှစ်သြဂုတ် ၂၅ ရက်နေ့မှာ ၂ နှစ်ပြည့်မြောက်သွားပြီဖြစ်ပါတယ်။ ၂နှစ်အတွင်း ကရင်နီပြည်နယ်မှာ ရဲစခန်း ၇ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး အမှု ၂၃၅ မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ ကရင်နီ ပြည်ရဲဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒါကြောင့် ကရင်နီပြည်နယ်ရဲဌာန ဖွဲ့စည်းဆောင်ရွက်နေတဲ့ အခြေအနေ၊ ရဲတပ်ဖွဲ့ ဥပဒေမူကြမ်းတစ်ရပ် ရေး ဆွဲအကောင်အထည်ဖော်မှု၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကရင်နီပြည်ရဲဌာန တာဝန်ခံ ကိုဘိုဘိုနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံးအနေနဲ့ ကရင်နီပြည်နယ်ရဲဌာနရဲ့ ၂ နှစ်တာအတွင်း လုပ်ဆောင်ချက်ကို အကျဉ်းချုပ်ပြီး ပြောပြ ပေးပါဦး။

ကျွန်တော်တို့ ကရင်နီရဲစခန်းက ဒီ၂နှစ်အတွင်းမှာ ရဲစခန်း၈ခု၊ ဒီလုံခြုံရေးရဲကင်း၄ခုဖွင့်ပြီးတော့မှ ပြည်သူတွေ ကို တရားဥ ပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအတွက် ဝန်ဆောင်မှုတွေပေးနေတာပေါ့။ ပေးတဲ့အခါမှာလည်း လူထုအ ခြေပြုရဲလုပ်ငန်းနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီးတော့မှ ဝန်ဆောင်မှုပေးနေတဲ့ ရဲအဖွဲ့ဖြစ်တယ်ပေါ့။ ဒီနှစ်နှစ်တာကာလအတွင်းမှာ ကျွန်တော်တို့အမှုပေါင်း၃၆၂မှုကို အရေးယူခဲ့တယ်။ အရေးယူတဲ့နေရာမှာလည်း နစ်နာတဲ့ပြည်သူတွေက ကျွန်တော်တို့ကို လာတိုင်တဲ့အချိန်မှာ ကျူးလွန်တဲ့သူကိုအမှုဖွင့်တယ်။ ပြီးရင်အမှုတည် ဆောက်တယ်။ သက်သေအထောက်အထား စနစ်တကျစုဆောင်းတယ်။

အခုချိန်မှာတရားရုံးတွေ ရှိနေပြီဖြစ်တဲ့အတွက် တရားရုံးမှာတရားသွားစွဲတယ်။ တရားသူကြီးက အမိန့်ချပြီ ဆိုရင် သက်သေအထောက်အထားခိုင်လုံရင် ကျွန်တော်တို့က ထောင်ကျတရားခံတွေကို အကျဉ်းဦးစီးရုံးကို ပို့ဆောင်ပေးတာမျိုးတွေ လုပ်ပါတယ်။ ပြီးရင်ကြားထဲမှာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆို ကိုယ့်သာဘာ အမှုစစ်သင်တန်းတွေ ဖွင့်တာမျိုးတွေရှိတယ်။ နိုင်ငံတကာကတတ်သိပညာရှင်တွေနဲ့ အွန်လိုင်းကနေ ဒီမိုက ရက်တစ် ရဲလုပ်ငန်း၊ လူထုအခြေပြုလုပ်ငန်းတို့နဲ့ ပတ်သက်တဲ့ သင်တန်းသားတွေသင်ပြီးတော့မှ အောက်ခြေရဲ စခန်းမှာရှိတဲ့ အဖွဲ့ဝင်တွေကိုပြန်လည် မျှဝေတာမျိုးတွေ၊ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သင်တန်းတွေ လုပ်ပေးတာ ရှိတယ်။ ရဲအဖွဲ့ဝင်အသစ်သင်တန်း အပတ်စဉ်၂ခုကိုလည်း ဖွင့်လှစ်ပြီး သင်တန်းဖွင့်လှစ်နိုင် ခဲ့တယ်။ အဲဒီမှာ အမျိုးသမီးပါဝင်မှု၃၅ရာခိုင်နှုန်း ရှိတယ်။

၂။ ကရင်နီပြည်နယ်ရဲဌာနအနေနဲ့ ရဲတပ်ဖွဲ့ဥပဒေမူကြမ်းရေးဆွဲပြီး စတင်အကောင်အထည်ဖော်တော့မယ်လို့ သိရပါတယ်။ ဥပဒေမူကြမ်းရေးဆွဲတာ ဘယ်အခြေအနေအထိရောက်ပြီလဲ။

ဒီဥပဒေမူကြမ်းကို KSCC ကလူကြီးတွေရယ်၊ KSP ကအတွေ့အကြုံရှိတဲ့အရာရှိတွေရယ်၊ ပြည်တွင်းမှာရှိတဲ့ ဥပဒေပညာရှင်နဲ့ပေါင်းပြီးတော့ ရေးဆွဲထားတာ ဖြစ်ပါတယ်။

 ၃။ ရဲတပ်ဖွဲ့ ဥပဒေမူကြမ်းကို ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေ ပါဝင်ရေးဆွဲတာလဲ။ ဘယ်အချိန် လောက် မှာ စတင်အကောင်အထည် ဖော်သွားဖို့ ပြင်ဆင်ထားပါသလဲ။

ဥပဒေမူကြမ်းက ပြီးပြီလို့ပြောလို့ရတယ်။ ဒါပေမယ့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ အတည် ပြုမှုလောက်ပဲ အတည်ပြုပေးဖို့ပဲအဲဒီလောက်ပဲ လိုတော့ပါတယ်။

၄။ ဒီဥပဒေမှာ ပြည်သူ့ဝန်ဆောင်မှုအတွက် ဘယ်အချက်တွေ ပါဝင်ပါသလဲ။ ဒီဥပဒေတွေက ပြည်သူလူထုကို ဘယ်လောက်ထိ အကျိုးပြုနိုင်မယ်လို့ ယူဆပါသလဲ။ ဒီအပေါ်မှာ ဆွေးနွေးပေးပါဦး။

ဒီဥပဒေထဲမှာတော့ ကရင်နီပြည်ရဲအဖွဲ့ဝင်တွေရဲ့ စည်းကမ်းချက်တွေပါမယ်။ သူတို့ရာထူးတစ်ခုချင်းစီအလိုက် လုပ်ငန်းလုပ်ရမယ့်တာဝန် ဝတ္တရားတွေပါမယ်။ ဖွဲ့စည်းပုံတွေပါမယ်။ ပြည်သူတွေကို ဘယ်လိုပြောဆို ပြုမူ ဆက်ဆံရဆိုတဲ့ဟာတွေ ပါတယ်။ လုပ်ငန်းစဉ်တွေပါတယ်ပေါ့။ ရည်မှန်းချက်တွေပါတယ်။ ပြီးရင် ကျွန်တော်တို့ ဘယ်လိုအမှုတွေနဲ့ တရားစွဲဆိုရမလဲ။ အဲဒီလိုမျိုးတွေ အကုန်တော်တော်များများ ကြားကာလနဲ့ ကိုက်ညီအောင် ရေးဆွဲထားတာ ဖြစ်ပါတယ်ခင်ဗျ။

၅။ နောက်ဆုံးအနေနဲ့ ဒီဥပဒေဟာ စစ်ရေးပြင်းထန်နေတဲ့ ကရင်နီပြည်နယ်အတွင်း ဘယ်လောက်ထိ လွှမ်းခြုံ သက်ရောက်မှုရှိနိုင်မလဲ။

ဒီဥပဒေကတော့ စိုးမိုးနယ်မြေအတွင်းမှာတော့ အပြည့်အဝလွှမ်းခြုံနိုင်မယ်ဆိုတာတော့ ယုံကြည်ပါတယ်ခင်ဗျ။ ပြီးတော့မှ တော်လှန်ရေးကာလ ကြားကာလဖြစ်တဲ့အတွက် ကျွန်တော်တို့က ဥပဒေကို ပြန်လည်ပြင်ဆင်ဖြည့် စွက်နိုင်အောင် လုပ်ထားတယ်။ ဒီအချိန်ကာလနဲ့လျော်ညီအောင်ပေါ့။ ပြောင်းလဲလာတဲ့အချိန်ကာလနဲ့ လျော် ညီအောင်ပေါ့။ နောက်ကြားကာလပြီးသွားလို့ရှိရင် အခြေအနေပြောင်းသွားတာနဲ့အညီ ကျွန်တော်တို့ ပြန်လည် ပြင်ဆင် ဖြည့်စွက်နိုင်အောင်လည်း ကျွန်တော်တို့ ရေးဆွဲထားတာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.