သရက်ချောင်း၊ သြဂုတ်(၂၇)

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့သြဂုတ် ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလားတယ်လို့ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ သြဂုတ် ၂၄ ရက်နေ့မှာ သရက်ချောင်းမြို့နယ် ဝင်းဝရွာဘက်ကနေ ရငဲရွာဘက်ကို စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ရငဲနဲ့ကမြိုင်ကျေး ရွာကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် သြဂုတ် ၂၅ ရက်နေ့မှာလည်း စစ်ကောင်စီစစ်ကြောင်းဟာ ကတွဲရွာအနီး ထပ်မံဝင်ရောက် လာတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့ပါတယ်။

၂ ရက်အတွင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း သေဆုံးထားပြီး ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကို ဆက်လက်စုံစမ်းနေတယ်လို့ သရက်ချောင်းမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကတွဲရွာအနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာထဲဝင်ရောက်လာပြီးနောက် ကုန်ခြောက်ဆိုင်ဖွင့်ထားတဲ့ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ကတွဲ၊ ဝင်းဝ၊ ရငဲ၊ ကမြိုင်အပါအဝင် ကျေးရွာ ၆ ရွာလောက်က ဒေသခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၃၆,၀၀၀ ကျော်ဟာ အသက်ဘေး လွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media (ပုံဟောင်းဖြစ်ပါသည်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.